Chapter 23

2.1K 398 25
                                    

( Unicode )

အန်းလုံသည် တစ်ညလုံးကောင်းကောင်းမအိပ်နိုင်ခဲ့။ သူ့အိမ်မက်တစ်ခုလုံး ထိုနတ်ဆိုးကောင်မျက်နှာနှင့်ပြည့်နှက်နေခဲ့သည်။ ထိုကောင်ကို အော်ငေါက်၍လည်းမရ၊ ရိုက်သတ်၍လည်းမဖြစ်နှင့် ထိုပြီတီတီမျက်နှာဖြင့် သူ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေသလိုပင်။

ထိုအိမ်မက်မှ သူလန့်နိုးလာခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး၌ ဤကဲ့သို့‌အကြောင်းအရာမျိုးကြောင့် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တုန်လှုပ်နေသည်မှာ ပထမဆုံးအကြိမ်ဖြစ်တော့သည်။

အန်းလုံမှာ ဒေါသအရမ်းထွက်နေပြီး အကြိမ်အနည်းငယ်အော်ဆဲလိုက်သည်။ သူ့ဝိဉာဉ်လည်း ဖျောက်ရခက်သည့်စိတ်ဒဏ်ရာရသွားသဖြင့် ထိုဝေဒနာကိုကုစားနိုင်ရန် သူ၏ချစ်စရာကောင်ငယ်လေးထံအပြေးသွားလိုက်သော်လည်း သုတေသနခန်းထဲတွင် စုန်ချစ်ရှစ်ကို စာရင်းပြရန်ရောက်နေသော ယွဲ့ဝူဟွမ်နှင့်သာအရင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူတိတ်တိတ်လေးရှောင်ထွက်သွားရန်ပြင်လိုက်စဉ်တွင် ယွဲ့ဝူဟွမ်ကသူ့ကိုမြင်သွားပြီး ပြီတီတီပြုံးပြလာခဲ့သည်။ သူသည် ထိုကောင့်ကို ရိုက်သတ်ပစ်ချင်စိတ်အား မနည်းချုပ်တည်းထားရကာ ရုတ်တရက်စိတ်လွတ်ကိုယ်လွတ်ပြုမူမိမည်စိုးသဖြင့် နံရံပေါ်ချက်ချင်းခုန်တက်ပြီး ထိုနေရာမှထွက်လာခဲ့ရသည်။

စုန်ချင်ရှစ်မှာ အူကြောင်ကြောင်နှင့်
" အန်းလုံက ဘာလို့ထွက်ပြေးသွားတာလဲ? သူ မင်းနဲ့ သူငယ်ချင်းဖြစ်ချင်နေတာမဟုတ်ဘူးလား? "

ယွဲ့ဝူဟွမ်က အပြုံးမပျက်ပေ။
" ကျွန်တော်လည်း မပြောတတ်ဘူး..."

အန်းလုံ : "..."

အန်းလုံသည် ဒေါသထွက်လွန်း၍ သည်းမခံနိုင်တော့ဘဲ လက်စားချေရန် ဆုံးဖြတ်လိုက်သည်။

သူသည် အနောက်ဘက်တောအုပ်၏ အင်အားအကြီးဆုံးကူဘုရင်ဖြစ်သည်။ ကျင်းဟူလမ်းစဉ်ကို စလျှောက်ကတည်းက သူ၏ကြီးမားသောသတ္တိနှင့် ရက်စက်ကြမ်းတမ်းသောစရိုက်ကြောင့် လူတိုင်းသူ့နာမည်ကြားသည်နှင့် ကြောက်ဒူးတုန်ခဲ့ကြသည်များသာ။ ထိုချီသန့်စင်ခါစကျင့်ကြံသူပေါက်စတစ်ယောက်ကြောင့်နှင့် သူထိတ်လန့်နေရသည်မှာ လုံးဝအဓိပ္ပါယ်ရှိမနေ...

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now