Chapter 19

3.4K 671 43
                                    

<Unicode>

အန်းလုံရောက်လာသောနေ့၌ ‌နတ်ဆေးဘုရင်တောင်ကြားသည် ဧည့်သည်များကို ကြိုဆိုဧည့်ခံရန်အတွက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ပြီးသွားပြီဖြစ်သည်။

စုန်ချင်ရှစ်သည် မှန်ရှေ့တွင် သူ့ဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်နေပြီး သူ့သွင်ပြင်ကိုလည်း ဂရုတစိုက်ကြည့်ရှုနေသည်။ သူ နောက်လှည့်လိုက်သောအခါ ယွဲ့ဝူဟွမ်သည် ပွယောင်းယောင်းမီးခိုးရောင်ချည်ထည်ကို ဝတ်ဆင်ထားမှန်း မမျှော်လင့်စွာတွေ့လိုက်ရသည်။ အိမ်တော်ကအစေခံများကဲ့သို့ ဝတ်ဆင်ထားခြင်းဖြစ်သည်။ ချည်ထည်ဝတ်စုံသည် သူ့အလှကိုမဖုံးကွယ်နိုင်သော်လည်း ထိုသို့ငြီးငွေ့စရာအရောင်မျိုးကတော့ သူ့ပင်ကိုယ်စရိုက်နှင့်လိုက်ဖက်ခြင်းမရှိပေ။ ဝင့်ကြွားပြီးအထက်စီးဆန်ဟန်ရှိသည့် အရောင်တောက်တောက်များနှင့်သာ သူနှင့် ပို၍လိုက်ဖက်၏။

ထင်တဲ့အတိုင်း၊ နတ်ဆေးဘုရင်တောင်ကြားက လုံးဝမွဲနေတာပဲ။ ဖီးနှစ်ငှက်တောင် စာကလေးအဖြစ် အဆင့်လျှောသွားတယ်။

စုန်ချင်ရှစ်မှာ တိတ်တဆိတ်ကြေကွဲသွားသည်။ သူ့ရဲ့လူကြောက်တဲ့စိတ်ကိုလုံးဝအနိုင်ယူပြီး အနန္တကူဂိုဏ်းရဲ့ရင်းနှီးမြှုပ်နှံမှုကို သေချာပေါက်အရယူဖို့ သန္ဒိဠာန်ချလိုက်ပေသည်။

ဧည့်သည်များရောက်လာပြီဖြစ်ကြောင်း ငှက်များကအသံပြုလိုက်ပြီး နတ်ဆေးဘုရင်တောင်ကြားကို လွှမ်းခြုံထားသည့်အဆိပ်မြူခိုးများမှာ ပျောက်ကွယ်သွားကာ သူ့ကိုကြိုဆိုလေသည်။

ရုတ်တရက်၊ ဂိတ်ဝတွင်စောင့်ကြပ်နေကြသော ဂိတ်စောင့်များထံမှ ရုန်းရင်းဆန်ခတ်ဆူညံသံများ ထွက်လာသည်။ ထိုမသက်မသာလေထုသည် အိမ်တော်အတွင်းသို့တဖြည်းဖြည်းပျံ့
နှံ့လာပြီး သတ္တိနည်းသောအစေခံတစ်ချို့မှာ ကြောက်လန့်တကြား ထွက်ပြေးကြလေသည်။

ယွဲ့ဝူဟွမ်က ခေါင်းမော့ပြီး ထိုထွက်ပြေးလာကြသောအစေခံများကို အေးစက်စက်ကြည့်လိုက်သည်။ သူတို့လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်သွားကြသည်။ သခင့်ရဲ့နက်ရှိုင်းလှတဲ့ယုံကြည်မှုကိုရထားသော ထိုအလှလေး၏ အမှုကိစ္စများကို ကိုင်တွယ်ရာ၌ အကြင်နာကင်းမဲ့မှုများကို မှတ်မိသွားကြပြီး သူတို့မျက်နှာများမှာ ပုံမှန်ထက်ဖြူဖျော့သွားသည်။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now