Chapter 21

4K 704 48
                                    

<Unicode>

စုန်ချင်ရှစ် စောစောထပြီး ယွဲ့ဝူဟွမ်ကို သူ့ရဲ့ဆရာဘိုးဘိုးကြီးအား ဂါရဝပြုနိုင်ရန်အတွက် ဘိုးဘေးခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။

တခြားသောဂိုဏ်းများသည် သူတို့၏ဘိုးဘေးခန်းမကို အဓိကအလေးပေး၍ ဂရုတစိုက်နေရာချကြသည်။ နတ်ဆေးဘုရင်တောင်ကြားတွင်တော့ ၎င်းမှာ ချောင်ကျပြီး မထင်မရှားနေရာတွင် ရှိနေသည်။ နေရာမှာ ချောင်ပိတ်လွန်းသည့်အပြင် ပျက်ဆီးအိုဟောင်းနေသေးရာ အစေခံတန်းလျား၏အဆောင်နှင့်ပင် တူနေတော့သည်။ ဘိုးဘေးခန်းမ၏ အပြင်ဘက်တွင် ဆေး‌ဥယျာဥ်တစ်ခုရှိသည်။ ဝူဟွမ်သည် ထိုဥယျာဥ်ဘက်သို့ အကြိမ်တော်တော်များများ ဖြတ်သွားဖူးသော်လည်း စွန့်ပစ်ထားသောအဆောင်တစ်ခုဟုသာ ထင်ထားသဖြင့် တစ်ခါမှလှည့်ကြည့်ဖူးသည်မရှိခဲ့။

စုန်ချင်ရှစ်သည် အဆောင်လက်ဖွဲ့ဖြင့်ပိတ်ထားသော တံခါးမကြီးကို ဖွင့်လိုက်သည်။

ထူထဲလွန်းသောဖုန်မှုန့်များက ခန်းမအတွင်းတွင် နေရာအပြည့်ယူထားကြသည်။ အထဲတွင် ရိုးစင်းသော စားပွဲတစ်လုံး၊ ထိုင်ခုံအချို့နှင့် ပူဇော်ပသရန်ပလ္လင်တစ်ခုမှလွဲ၍ အိုဟောင်းနေသောစက္ကူကားချပ်တစ်လိပ်သာ ရှိသည်။

" အမှန်က သော့ခတ်ထားစရာကိုမလိုတာ။ ဒီနေရာမှာ ဘာတန်ဖိုးကြီးပစ္စည်းမှ ရှိမနေဘူး။ " စုန်ချင်ရှစ်က ရှက်ရှက်နှင့်ရှင်းပြသည်။
" ငါဒီကိုမလာဖြစ်တာ နှစ်ပေါင်းအတော်ကြာနေပြီ။ ခဏလေးစောင့်။ တံမြက်စည်းအရင်လှည်းလိုက်ဦးမယ်။ " သူ့အကျီႅလက်ဖတ်ကို ပင့်တင်လိုက်ပြီး ဖုန်မှုန့်များကို လေမှုတ်မန္တန်သုံး၍ ဖယ်ရှားလိုက်သည်။ နေရာတိုင်းလိုလို ပြန့်ကျဲနေသော အပျက်အစီးအစအနများအပေါ်၌ အညစ်အကြေးပယ်ဂါထာများမန်းမှုတ်လိုက်၏။  ထို့နောက် ပလ္လင်ပေါ်တွင် နံ့သာအိုးကိုတင်လိုက်ပြီး ပန်းနှင့်သစ်သီးတို့ကို စနစ်တကျနေရာချထားပြီးနောက်မှ ဟောင်းနွမ်းနေသော ဆုတောင်းဖျာကို ရှာတွေ့သွားသည်။ သူ ဖုန်များကိုခါလိုက်ပြီးနောက် စိတ်ကျေနပ်စွာ ရွတ်လိုက်သည်။
" ဟုတ်ပြီ။ "

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now