Chapter 34

1.4K 254 7
                                    

( Unicode )

စုန်ချင်ရှစ်သည် စုတ်တံကို ကိုင်လျက် ဤပြန်စာကို မည်ကဲ့သို့ရေးသင့်မှန်း အချိန်အကြာကြီး စဉ်းစားနေမိသည်။

သူသည် သိပ္ပံပညာရပ်၏ စစ်မှန်သောယောက်ျားတစ်ယောက်ပေ။ အကယ်၍များ သည်စာသာ ဆေးသိပ္ပံစာတမ်း၊ သုတေသနရလဒ်များ သို့မဟုတ် ပညာချင်းအ‌ချေတင်ဆွေးနွေးမှုများ စသည်တို့ဖြစ်ပါက စကားလုံးပေါင်း ထောင်၊ သောင်းမက ရေးရပါစေ သူ့အတွက် ပြဿနာမရှိချေ။ သို့သော် သူ့ခံစားချက်များကို ဖော်ပြရသည့် ယခုလိုကိုယ်ရေးကိုယ်တာစာစောင်ကတော့ ပျင်းစရာကောင်းလောက်အောင် တောင့်တင်းခြောက်ကပ်စွာ ထွက်လာလေရာ အလုပ်အတွက်‌ရေးရသည့် အစီရင်ခံစာနှင့်ပင် ‌တူနေတော့သည်။

အန်းလုံထံ ‌သူရေးလေ့ရှိသောစာများမှာ အဓိကအားဖြင့် သုတေသနအစီအရင်ခံစာများနှင့် လေ့လာစမ်းသပ်ချက်ရလဒ်တို့အ‌ကြောင်းသာ ဖြစ်သည်...

ယခုတော့ သူ့ခေါင်းကို မရမကဆွဲဆန့်‌နေရပြီးနောက်ဆုံး၌ ' ငါ့သူငယ်ချင်း‌ဟောင်းကြီး အန်းလုံရေ ' ဟု ကနဦးပျိုးလိုက်နိုင်ခဲ့သည်။ ပြီးနောက် အောက်တစ်ကြောင်း၌ မိုးကြိုးအတိဒုက္ခဖြစ်စဉ်အတွင်းမှာ သူက ကံမကောင်းအကြောင်းမလှစွာဖြင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပါကြောင်း ရေးလိုက်ပြီး ယွဲ့ဝူဟွမ်ထံ ကောင်းကင်ဘုံအတိဒုက္ခ ကျရောက်သည့်ဖြစ်စဉ်ကိုတော့ ချန်လှပ်ထားလိုက်သည်။ ဤအဖြစ်အပျက်ကို သူ ဖုံးကွယ်ဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာမရှိအောင် ယွဲ့ဝူဟွမ်ကချန်ထားခဲ့သည်‌လေ။ ထိုအချိန်တုန်းက ယွဲ့ဝူဟွမ် သူ့အသက်ကို မည်သို့မည်ပုံနည်းနဲ့ အပြေးလာ၍ကယ်ခဲ့ကြောင်းကို ရိုးစင်းသောစကားလုံးများနှင့် ပွင့်ပွင့်လင်းလင်းဖော်ပြလိုက်သည်။ ' သူ့အပေါ်ငါ့ရဲ့အသက်အကြွေးတင်နေတယ် ' ဟူသောစကားလုံးကို လက်ရေးခပ်ကြီးကြီးထူထူဖြင့် ရေးသားလိုက်ရာ ဖတ်မည့်သူက မျက်မမြင်သာမဟုတ်ပါက လျစ်လျူရှုထားရန် ဘယ်လိုမှမဖြစ်နိုင်ပေ။ အဆုံးသတ်၌ သူ့ကျန်းမာရေးကိုစိတ်ပူပေးသည့်အတွက် ကျေးဇူးတင်ကြောင်း‌ရေးပြီး ကျေးဇူးပြု၍ သူ့ရဲ့အဆိပ်အစီအရင်ကို မဖျက်စီးတော့ရန် နှင့် အရှေ့တံခါးမှဂုဏ်သရေရှိရှိဝင်လာနိုင်ပါကြောင်း ကိုလည်း ထပ်ပေါင်းထည့်ရေးလိုက်ကာ နိဂုံးချုပ်လိုက်တော့သည်။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now