Chapter 35

1.4K 245 6
                                    

( Unicode )

ယွဲ့ဝူဟွမ်၏အသစ်စက်စက်ကျောင်းဆောင်ကြီးမှာ ဓာတ်ခွဲခန်းနှင့်တော်တော်အလှမ်းဝေးပြီး သစ်တော်ပင်အုပ်များ အလွန်၌ တည်ဆောက်ထားပေသည်။ ၎င်းဘေး၌ ကြီးမားသော ဆေးသိုလှောင်အိမ်အသစ်ကြီး ရှိနေပြီး ကျောင်းသားများ လိုသလိုအသုံးချနိုင်သည့် သေမျိုးနှင့်မသေမျိုးကမ္ဘာနှစ်ခုစလုံးမှ အသုံးများသောဆေးဝါးအများစုကို သိုလှောင်ဖြည့်တင်းထားသည်။ အရည်အသွေးမြင့်အဆိပ်ဆေးဝါးများနှင့် အဖိုးထိုက်တန်သည့်ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းများအား မူလသိုလှောင်အိမ်ထဲမှာသာ ထည့်သိမ်းထားပြီး ယွဲ့ဝူဟွမ်၏ခွင့်ပြုချက်ရှိမှသာ ထုတ်ယူခွင့်ရှိလေသည်။

၎င်း၏တစ်ဖက်၌ စာကြည့်တိုက်ရှိသည်။ အဆင့်နိမ့်ကျင့်ကြံရေးစာအုပ်များ၊ အခြေခံဆေးစာအုပ်များနှင့်အတူ အသောင်းသောင်းအထွေထွေ စာအုပ်များ အပုံအပင်နှင့်ပေ။ အရင်ကရှိသောစာအုပ်များထက်ပင် ပို၍ များပြားလာခဲ့သည်။ ယင်းတို့ကို ဤဆယ်နှစ်တာအတွင်း စုဆောင်းထားခဲ့ခြင်းသာဖြစ်ရပေမည်။

စုန်ချင်ရှစ်သည် " ဝိဉာဉ်မီးတောက်များနှင့်ပတ်သက်သည့်ထူးခြားဆန်းကြယ်သောဇာတ်လမ်းများမှတ်တမ်း " ဟူသည့်မိတ္တူကို ကိုင်ထားရင်း ထွက်သွားချင်စိတ်ပင် မရှိတော့ရအောင် ဖြစ်သွားတော့သည်။

" ဒီကစာအုပ်တွေအားလုံးကို ကျွန်တော်ရွေးချယ်ထားတာပါ... ဘေးဥပါဒ်လည်း သိပ်မရှိသလို လူသစ်တွေအတွက် အခြေခံလေ့လာဖို့ သင့်တော်တာတွေချည်းပဲလေ..."
ယွဲ့ဝူဟွမ်က ပြုံးကာဖြင့် စာအုပ်ကို သူ့လက်မောင်းတွင်းသို့ ထည့်ပေးလိုက်ကာ ဖတ်ရန်ယူသွားနိုင်ကြောင်း အရိပ်အခြည်ပြဆိုလိုက်သည်။
" သခင်က အဆိပ်နဲ့ဆေးပညာမှာ သူမတူအောင်ထူးချွန်ပေမယ့်လည်း လူသစ်တွေကတော့ သူတို့ရဲ့ကျွမ်းကျင်မှုကို ဒီနေရာမှာ နှစ်အနည်းငယ်လောက် ထပ်သွေးရအုံးမယ့်အပြင် တန်ဖိုးကြီးတဲ့ဆေးအမယ်တွေနဲ့အဆိပ်တွေကို ထိတွေ့ကိုင်တွယ်နိုင်ဖို့အတွက် သူတို့ရဲ့အကျင့်စရိုက်နဲ့ စီမံခန့်ခွဲ့မှုစွမ်းရည်ကိုလည်း စစ်ဆေးကြည့်ဖို့ လိုပါသေးတယ်..."

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now