Ep_ 1

3.7K 64 2
                                    

{Zawgi}

အွတ်!

ကျောင်း နောက်ကျ နေသည်မို့ လရောင်ထင် အပြေး
တစ်ပိုင်း ကျောင်းထဲ ဝင် လာ မိ သည်။ ဘယ်သူ ထင်ထား
မလဲ ကျောင်းပေါက် ကျဉ်းကျဉ်း လေး ထဲ တစ်ခြား
တစ်ယောက် နှင့် တိုက်မိ မည်ဟု။

" အား ရိုး !

" နာ လိုက်တာ "

" နင် ...

လရောင် ဆက် ပြော မည့်စကား များ ဆက်မထွက် လာ နိုင်
တော့။ အကြောင်းက ထင် နှင့် တိုက်မိသည့် သူ မှာ
မြေကြီး ပေါ် ပိုးစိုးပက်စက် လဲ ကာ ငို မဲ့မဲ့ ဖြစ် နေလေ ပြီ။
ကျွတ်!  ယောက်ျား လေး ဖြစ် ပြီ နု လိုက်တာ။

" ထ "

ထင် ပြောပြီး သည် နှင့် တစ်ဖက် ကောင်လေး ကို
လက်မောင်းက ကိုင်ကာ ထူ လိုက် သည်။
သနပ်ခါး အဖွေးသား နှင့် ထင် ရှေ့ မှ ကလေး မှာ
ထင့် ကို ကြောက်၍ ထင် သည်။ အသံ  မထွက် ဘဲ
ရှိုက်နေလေသည်။ သူ အသံ မထွက် ပေမယ့် မျက်ရည်
များမှာ သနပ်းခါး ပါးကွက် ကို ဖြတ်ကာ စီးကြောင်း
ကြီး ဖြစ် နေလေ ပြီ။
ထို့နောက် ထင့်  ကို မဝံ့မရဲ ကြည့် ကာ
ကျေးဇူး  လို့ ခပ်တိုးတိုး ပြော လာ လေ သည်။

ထင် မြင် ရသည့် ကောင်လေး မျက်နှာက စံတင်လောက်
အောင် လှ တာ ထင် ဝန်ခံ သည်။ပြီးတော့  ကောင်လေး က ထင့် ထက် သိသိသာသာ  ပင် သေးကွေး သည်။
ထင်တို့ လေး တန်းက မဖြစ် နိုင်။ကောင်လေး ကို ထူ ပြီး လွယ်အိတ် ကို ဖုန် ခါ ပေးကာထင် တစ်ယောက် အတန်းဆီ
ကသောကမျော ပြေး သွားရသည်။ ကောင်လေး ကို
ထင် စကားပြောချိန်မရကြည့်ရ သလောက် ကြီးကြီး မား မား
ထိခိုက် သွား ပုံ မရပါ ဘူး။ ဒါနဲ့ ပဲ  ထင် ကောင်လေး ကို ထား ခဲ့ ကာ အတန်းဘက် သုတ်ခြေ တင် ရတော့ သည်။

တော်ပါသေးရဲ့ ~  ၅ မိနစ် လို နေသေး လို့

မပြေး လို့ မဖြစ် ထင်တို့ အတန်းပိုင်း က စည်းကမ်းတင်း
ကြပ်သည့် လူမျိုး ဖြစ် သည်။ ၁ မိနစ် စွန်း စွန်း ၂ မိနစ်
စွန်းစွန်း ဒဏ်ပေးခံ ရမှာ ပင်။

  သံချောင်း ( ကျောင်းတက် ကျောင်းဆင်းချိန် ထိုး သည့်
ခေါင်းလောင်း အစား သံထည် ပစ္စည်း တစ်ခု ခု ကို သံချောင်း နဲ့ ခေါက်ကြ  တာ )ခေါက်ပြီးတိုင်း ထင်တို့ ဘုရား ကန်တော့ ရသည်။ ဘုရား ကန်တော့ ပြီး မှ ဆရာမ စာ စသင်ခြင်း ဖြစ် သည်။ ဘုရား ကန်တော့ ပြီး နောက် စာ သင်ခန်း အပြင်က နေ တရှပ် ရှပ်မြည်သံ ကြား လာ ရသည်။ ဆရာမ လာ နေပြီ။ ပုံမှန်လို ဆရာမ တစ်ယောက်တည်း ကား မဟုတ်။ ဆရာမ နောက်မှာ တစ်ခါမှ မမြင်ဖူး သည့်  ကျောင်းသား တစ်ယောက် ပါ လာ ခဲ့ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now