Ep_20

481 26 3
                                    

   [ Zawgi ]

      မိုးဖွဲ ဖွဲ ကျ နေတဲ့ August ရဲ့ညနေခင်း တစ်ခု
မှာ ထင် တို့ Plant Cafe တစ်ခု ကို ရောက်နေ ခဲ့ သည်။
Cafe တစ်ခု လုံး အပင် မျိုးစုံ ဖြင့် အလှဆင် ထား သည့်
အတွက် အမြင် နှင့်ပင် တိတ်ဆိတ် အေးချမ်း သည့် ခံစား
ချက်ကို ပေး စွမ်း နေလေ သည်။ လူ ရှင်း ချိန် ဖြစ် သည့်
အလျောက် စား ပွဲ အနည်း ငယ်မှာသာ လူ ရှိနေတာ တွေ့
ရသည်။ ထင် တို့ လည်း ချောင်လည်း မကျ သလို
အရမ်း ကြီး ထင်း ထွက်နေတာ မျိုး မဟုတ်သည့် စားပွဲ
ကို ရွေးချယ် ကာ ထိုင် လိုက်ကြသည်။
   စားပွဲတွေ ကို အစီ အစဉ်တကျ နေရာချထား တာ မျိုး
မဟုတ် ဘဲ အဆင်ပြေ သလို  ခင်းကျင်း ထား ပြီး
စား ပွဲ တစ်ခု စီတိုင်း မတူ ညီတဲ့ ပုံစံ များ ဖြင့် ခင်းကျင်း
ထား တာ တွေ့ရသည်။ တစ်ချို့ နေရာ တွေ မှာကျွန်းစား
ပွဲ ပိစိ လေး များ ချ ထား ပြီး တစ်ချို့ နေရာ ကျ ခေါက် စား
ပွဲ  တစ်ချို့ ချ ထား လေသည်။ အသွင်အပြင် တစ်ခု တိုင်း
မှာ မတူညီသည့် ပုံ စံများ ရှိပေမယ့်  အရာ အားလုံးက မျက်စိ
ထဲ နှစ်လိုဖွယ် ရှိ နေသည် မှာ အတူ တူ ပင် ဖြစ် သည်။

" ဒီနေရာ က အတော် တိတ် ဆိတ် တာ ပဲ
နော် "

" အင်း ဟုတ်တယ်
တိတ် ဆိတ် လွန်း လို့
စာ ဖတ် ရင် လည်း အဆင်ပြေ
တယ် "

" ဟုတ် လား "

" အင်း
ဟုတ်တယ်
အပေါ် ထပ် မှာ
စာ အုပ် လေးတွေ ထား
ပေး ထား တယ်
စာဖတ်ရတာ ကြိုက်တဲ့
သူတွေ က
ကော်ဖီလေးသောက်ရင်း
စာ လာ ဖတ် ကြ တာ  "

" ထင် စိတ်ဝင်စား ရင်
သွား ကြည့် လို့ ရတယ်လေ "

" တော်ပါပြီ
ထင် က စာ ဖတ် ရတာ
ကြိုက်မှ မကြိုက်တာ "

    ထင် က စာ ဖတ် ရတာ မကြိုက်ဘူး လား။ သူ တို့
အလယ်တန်း တက်လာ သည့် အချိန်တွေ တုန်းက
ထင်က သူ့ဆီက နေ ပုံပြင် စာ အုပ်တွေ အသည်း အသန်
ဌား ဖတ် လာ ခဲ့တဲ့ သူ ကလေ။ ဒီပါ့ မျက်နှာ မှာ အံ့သြ ရိပ်လေး ဖြတ်ပြေး သွား ပေမယ့် ကော်ဖီ မီးနူး ကြည့်နေ
သည့် ထင် က သတိ မထား မိ ပေ။
    အမှန်တော့ ထင်က စာ ဖတ်ရတာ ကြိုက် တတ်သည့်
ကလေး လေး တစ်ယောက် ဖြစ် ဖူး ခဲ့ ပါ သည်။ သို့ပေမယ့်
လည်း တစ်စုံ တစ်ယောက်ကို မေ့ပစ်ချင် မိတဲ့ အခါ
ထိုသူ နဲ့ ပတ်သက်သည့် ကိစ္စရပ် တိုင်း ကို လျစ်လျူရှု့ ရင်း
အမူ အကျင့် တော်တော်များများ ကို ပြောင်းလဲ ပစ်ခဲ့ ခြင်း
ဖြစ် သည်။
ထင် တစ်ယောက်လာ ချ ပေးသည့် ကော်ဖီ ကို တစိမ့်စိမ့် သောက် ရင်း တိတ်ဆိတ်နေသလို ဒီပါ က လည်း အတွေး
နက် ကာ မှန်က နေ တဆင့် မြင်နေ ရသည့် မိုးရေ စက်များ
ကို ငေး မောနေ လေသည်။ ထို အခိုက်...ဆိုင်က
ဖွင့် ထား သည့် သီးချင်းအေးအေး လေး က ဒီပါ့နား ထဲ တိုး
ဝင်လာ လေ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Où les histoires vivent. Découvrez maintenant