Ep_18

460 23 2
                                    

[ Zawgi ]

မှန်ရှေ့ဘယ်ကြည့် ညာ ကြည့် နဲ့ ထူးထူး ခြား ခြား
အလုပ် ရှုပ်နေသည့် သား ဖြစ်သူကြောင့် ဒေါ်ခင်မိမိ မှာ
အခန်း အဝ တင် ရပ် ကာ တံခါး ခေါက် လိုက် သည်။

"ဒေါက်

" ဒေါက် !!

" သား ရှိုးစမိုးတွေ ထုတ်ပြီး
ဘယ်သွား မလို့ လဲ "

" အဟမ်း!
ချိန်းထားတာလေး
ရှိလို့ မေမေရေ "

ဒီပါက မေမေ ကို ရုတ်တရက် တွေ့လိုက် ရသည့် အတွက်
ရှက်သွား တာက အမှန် ပင်။ မေမေ က သူမှန်ရှေ့မှာ
အလုပ် ရှုပ်နေတာ သေချာ ပေါက် တွေ့သွား လောက်သည်။

" ချစ်သူ ကောင်မလေး နဲ့ များလား "

မေမေ့ ရဲ့ ပြုံးတုံ့တုံ့ မျက်နှာကြောင့် ဒီပါ့ မျက်နှာ ပိုရဲ သွား
ခဲ့ သည်။

ဒီပါ နှင့် ထင် က ကုမ္ပဏီက လူတွေ ကို သူတို့
relationship အကြောင်း မသိ စေချင်တာ ဖြစ်သည်။
တတ်နိုင်သမျှ သူတို့ နှစ်ယောက် အကြောင်း ကို လူသိ
နည်း စေချင်ခဲ့ သည်။ ဒါပေမယ့် မေမေ့ ကို တော့
သူပြောပြ နိုင်မည် ထင်သည်။ မေမေ က သူတို့ အကြောင်း
ကို ငယ်ငယ်ကတည်း က သိ လာ တဲ့သူ ဖြစ် တဲ့ အပြင်
အလွယ်တကူ သူများ ကို ပြောပြ မည့် လူမျိုး လည်း မဟုတ်ဘူး လေ။

" မေမေ့ ဗိုက်ထဲ မှာ
ပုဏ္ဏား လေး ရှိနေသလား ပဲ "

" ဒီလို ပြောပုံ ထောက်ဆို
မေမေ့ သားငယ်မှာ ချစ်သူ ရနေ
ပြီပေါ့ "

" မေမေ့သား လူချောက
ဘယ်လို မိန်းခလေး မျိုးကို
ချစ်သူ တော်ထား ပါ လိမ့်နော် "

" သား မေမေ့ ကို ပြောပြ မယ်
ဒါပေမယ့် မေမေ တစ်ခြား သူကို
မပြောပါဘူး လို့
ကတိပေး မှ သား ပြောပြ မှာ "

အသက် ၂၀ ကျော်ပေမယ့် ကုမ္ပဏီ ကို ဦးစီးနေရသူ
မို့ အမြဲ တည်တင်းနေတတ် သည့် သား မျက်နှာမှာ
ကလေး ဆန်သည့် အမူအရာ များ မြင်ရသည့် အခါ သူမ
ပြုံးမိ ရသည်။

" မေမေ ကတိပေးပါတယ် ရှင်
ကဲပြော လို့ ရပြီ
သား ချစ်သူ က ဘယ်သူလေး လဲ "

" ထင် "

သူ့ စကား ကြောင့် မေမေ တစ်ယောက် သူ့ကို
စူးစူး စိုက်စိုက် ကြည့် လာ လေ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now