Ep_ 9

591 37 0
                                    

  { Zawgi }

ဒီပါ ကံကောင်းသည် ဆို ရမည် ကားအက်ဆီဒင့် ကြောင့်
ကြီးကြီးမားမား ထိခိုက် သွား တာမျိုး မရှိခဲ့ပေ။ Bodyguard no.4 က သူ့ ကိုယ်ကို အသုံးပြုကာ
ဒီပါ့ ကို ကာကွယ် ပေး ခဲ့ ၍ ဖြစ်သည်။ ထိုဦးလေး ကြီး ကမူ
အထူးကြပ်မတ် ကုသဆောင်ထဲ တွင် ကုသ မှု ခံယူ နေရ
သည်။
   ထင် ဘယ်လောက် ပဲ ဒီပါ့ ကို မုန်းတယ် ပြော ပြော
ဒီပါက ထင့် အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်လေး ဖြစ်နေဆဲ
ဖြစ် သည်။ ထင် ဘာ အကြောင်း နဲ့ များ လျစ်လျူရှု့ ရဲ
မှာ လဲ။
    ဒီပါ တစ်ယောက် လမ်းလျှောက်ချင်သည်ဆို၍ ထင် သူ့ကို
ကော်ရစ်တာ တစ်လျှောက် လမ်း ကူ လျှောက်နေခြင်း ဖြစ် သည်။တစ်ဖြည်း ဖြည်း အိကျ လာ သည့် ဒီပါ့ ကိုယ်ကြောင့်
ထင် ကိုယ်လုံးလေး ဘေးဘက်ကို စောင်း လာ ရသည်။
ထင်က အရပ် ရှည်ပါ တယ်။ ဒါပေမယ့် ဒီပါ နဲ့ယှဉ်ရင်
အတော်ပု သွား တာ အသိသာ ကြီး။ ဒီပါ သူ့ အရပ် ကြီးမှ
အား မနာ ထင့် ကို တမင်တကာ လာ မှီနေသေး သည်။

" ဒီပါ !"

" အင်း "

  မျက်လုံးတွေ က ငါ ဘာ မှ မလုပ်ထား ဘူး ဆို တဲ့
ပကတိ ဖြူစင် ဟန် နဲ့။ ထင် စိတ် တိုကာ တွဲ ထား သည့်
လက် ကို ဖြုတ် ချ ပစ် လိုက် သည်။

" အ!
ထင် နင် ရက်စက် လှချည် လား "

" ဘာ  "

    ထင် အော် လိုက်သည့် အသံ က ကျယ် သွား ပုံ ရသည်
ကော်ရစ်တာ က လူနာ တစ်ချို့ ထင့် ကို တအံ့တသြ ကြည့်
လာ ကြ လေ သည်။ လက် ကို ကိုင်ကာ ရှုံ့မဲ့ နေသည့်
ဒီပါ ကို တစ်လှည့် မျက်နှာတွေ နီရဲကာ စိတ်တို နေ သည့်
ထင့် ကို တစ်လှည့် ကြည့် နေကြ လေ သည်။
   လူဆိုး လူညစ် ကောင် ထင့်ကို သူများ အထင် လွဲအောင်
လုပ်ပြန် ပြီ။ ထင် ဒီပါ့ ကို ဆွဲ ကာ အခန်း ဖက် ပြန် လာ ရ
တော့ သည်။
   
" အ!
ထင်  ဖြည်း ဖြည်း
နာ တယ် ဟ "

" နာ ပါ စေ "

  ဒီပါ မှာ ထင် ဆွဲခေါ်ရာ နောက်ပါ လာ ရသည်။

" နင် က လေ စီးပွားရေး သမား လုပ်ဖို့ မကောင်းဘူး
နင် အလုပ်ပြောင်း သင့် တယ် "

" ဘာလို့ လဲ "

   ထင့် ကို ကြည့်ကာ ရယ်ကျဲ ကျဲ လုပ်နေ သည့် ဒီပါ့ ကို
ထင် တကယ် ထု ချင်နေပြီ။ ထင် က ထင့် ကိုယ် ထင်
မျက်နှာ မာ သူလို့ မှတ်ထား တာ ဖြစ် သည်။ ဒါပေမယ့်
ထင့် ထက် မျက်နှာမာ တဲ့ လူ က ရှိသေး သည် တဲ့။
   ထင့် မျက်နှာ မှာ အလို မကျ ဟန် က အတိုင်းသား
မြင် နေ ရသည်။ ဒါပေမယ့် သူ့ရဲ့ ထင်က ဘယ်လို နေနေ
လှရက် လွန်း သူ ဖြစ် သည်။ စိတ်တိုနေ လည်း လှ သည်။
ပြုံးနေတဲ့ အချိန် လည်း လှ သည်။ ထင် ပြုံး လိုက်တိုင်း
မျက်ဝန်းထောင့်တွေ က အပေါ် တက်သွား တာ လည်း လှ
သည်။ထင် ပြုံး လိုက်တိုင်း ပေါ်လာတတ် သည့် သွားတန်း
ဖွေးဖွေးလေးတွေ က လည်း လှ သည်။ သူ့ရဲ့ ထင် က
ဘာ လို့ အဲ့လောက် လှ ရက် လွန်း တာ လဲ။
  ထင့် ကို တစိမ့်စိမ့်ကြည့်ကာ ပြုံးနေသည့် ဒီပါ ကြောင့်
မျက်နှာ မာ လှပါသည် ဆို တဲ့ ထင်က ရှက်လာ သလို ခံစား
ရသည်။ ဒီပါ က အများ ကြီး ပြောင်း လဲ သွား ပြီ ပဲ။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now