Ep_15

526 30 2
                                    

 [ Zawgi ]

လူလိမ် အမူးသမား နမ်း သွား သည့် ထင့် နှုတ်ခမ်းတွေ
က ထူ ပိန်းနေဆဲ ဖြစ် သည်။ အရက် နံ့ စွဲနေသည့် အနမ်း
က တကယ် ယစ်မူး ဖို့ ကောင်း သည်။ အနမ်း အတွက်
ငါ နင့်ကို ကျေးဇူး တင်သင့် လား ဒီပါ။ အဖြေ က တော့
နိုး ပါ ။ ဒီ အနမ်း ကို ငါ တစ်ယောက်တည်း သိမ်းထား
ရ လိမ့် မယ်။ နင် သိပေမယ့် မသိ သလို ၊ နင် မသိသလို နဲ့ သိနေပြန်  တဲ့ ရှုပ်ထွေး တဲ့ ခံစား ချက် မျိုး နင် ခံစား နေ လိမ့် မယ်။  ဒါက နင့်အတွက် အပြစ်ဒဏ် ပဲ။
   နောက် မနက် သူ နိုး လာသည့်  ခေါင်းတွေ အုံခဲ နေ ခဲ့
သည်။ ဒီပါ သူ မနေ့က အလွန် အကျွံ သောက်မိ ခဲ့ သည့်
ရလဒ်က ဒီနေ့ ပြင်းပြင်း ထန်ထန် ခေါင်း ကိုက်နေ ခြင်း
ဖြစ် သည်။ ထို့နောက် သူ့ ခေါင်း ထဲ တိုးဝင် လာ သည့်
မရေ မရာ ပုံ ရိပ်များ။

" အား !!!
ငါ မနေ့ က ဘာတွေ လုပ် ခဲ့တာ လဲ "

သူ မင်းဇင် ဆီ အပြေး အလွှား ဖုန်းခေါ်မိ သည်။
တစ် ဖက် မှ အိပ်ချင်မူး တူး ဖြင့်  ..

" ဟယ်လို ..."

" ဟေ့ ကောင်
ငါ .. ငါ
မနေ့ က ပြဿနာ ရှာ
သေး လား
တစ်ယောက် ...ယောက် နဲ့
ရော တွေ့ ခဲ့သေး လား "

   တစ်ယောက်ယောက် နဲ့တွေ့ခဲ့သေး လား သေချာ ပေါက်
တွေ့ ခဲ့ သည်။ ဒါပေမယ့် မင်းသူငယ်ချင်း က ရေငုံ နှုတ်ပိတ် နေဖို့ တွန်း အား ပေး ခံ ထား ရသည်။

"   တစ်ယောက် ယောက် လား
ငါ မမှတ်မိတော့ဘူး
ငါ လည်း မနေ့ က နည်းနည်း ထွေနေတာ "

   ဘော ကို ပဲ မမှတ်မိ။ ဒီကောင်မင်းဇင် သူ့ကို ထိန် ချန်
ထား တာ သူ ခံစား ရသည်။  အရက် မထိ တဲ့ လူ က ထွေ
စရာ အကြောင်း မရှိဘူး ထင် သည်။ ဒါပေမယ့် ဘာလို
သူက အညာ ခံ နေ ရတယ်လို့ ခံစား နေ ရတာ လဲ။ဒါကြီး
က ထူး ဆန်း သည်။

   ဒီပါ ဖုန်း ချ ကာ အိပ်ရာ ပေါ် ငူငူငိုင်ငိုင်ကြီး ထိုင်နေမိ
သည်။ Handover ကြောင့် မူး တာအပြင် စိတ် ရှုပ်
လို့ ခေါင်း ပါ ထပ်ကိုက်လာ သည်။

" ငါ မနေ့ က ဘာတွေ လုပ် ခဲ့ မိတာ လဲ
ဟား !! "
   
   Weekend အပြီး ဒီပါ သူရဲ့ မပြီးဆုံး နိုင်တဲ့
အလုပ် သံသရာ ကြီး ပြန်ပြီး လည်ပတ် လာ သည်။ မနက်
မိုး လင်း ရင် အလုပ်သွား မည် ။ ညနေ စောင်း ရင် အိမ် ပြန်
လာမည်။ မိုး လင်း လိုက် မိုး ချုပ် သွား လိုက် ဒီပါ့ ဘဝ က
သံပတ်ပေး ထားသည့် စက် ရုပ် လို လည်ပတ် နေခဲ့ သည်။
ဒီပါ စီးပွားရေး လောက ထဲ ခြေ စုံ ပစ် ဝင် ရတဲ့ အကြောင်းပြ ချက် က " လရောင်ထင် ' ကြောင့် ဖြစ် သည်။
ထင့် ကြောင့် ဆိုတဲ့ ခွန်အား နဲ့ သူ အလုပ်တွေကို အလောတကြီး ကုန်းရုန်း လုပ် ခဲ့ ရ သည်။ အစွမ်း ကုန်
အား ထုတ် ခဲ့ ရသည်။ ကြည့် ရတာ သူ့အား ထုတ် ဖို့
လို နေ သေး ပုံ ပင် ။ ဒီပါ သူ ထင့် နှလုံးသား ကို မဖမ်းဆုပ် နိုင် သေး ဘူး လေ။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now