Ep_22

450 20 0
                                    

   [ Zawgi ]

    ထွက်ခွာ သွား သည့် Bus ကို မျက်စိ တစ်ဆုံး ဒီပါ
ကြည့်နေမိ သည်။ဒီပါ သူ ဘယ်အချိန် များ မှ ထင့် ကို
လူတွေ အလယ် ထင်ထင် ပေါ်ပေါ် ဂရုစိုက်ခွင့် ရနိုင်မလဲ
တွေး မိသည်။ ကား ပေါ် တိုးဝှေ့ တက် သွား သည့် ထင့်ပုံရိပ်
က သူ့ကို အမှန်တကယ် မအီမသာ ဖြစ် စေသည်။

" ဟူး  !!!

🐻

   ဖူး တစ်ယောက် တစ် ရက် လုံး အခန်း ပိတ်ကာ
သောင်း ကျန်း နေ ခဲ့ သည်။ အခန်း ထဲ က ပရိဘောဂ
မှန် သမျှ ဖူး ရိုက်ခွဲ ၊ ပေါက်ခွဲ ထား သည့် အတွက် ရ စရာ
မရှိအောင် ကြေမွ နေလေ ပြီ။ဦး ပြည့်စုံ လွန်း နှင့် အိမ်က
အလုပ်သမား တစ်စု မှာ အခန်း ဝ တွင် ရပ် ကာ ဘာလုပ်လို့
ဘာ ကိုင် ရမှန်း မသိ ဖြစ် နေ ရလေ သည်။ အခန်း ထဲ က
ပေါက်ခွဲ သံ များ မှာ တ စ တစ ကျဲ သွား ပြီ ဖြစ်ပေမယ့်
အသံ များ က ဆက်ပြီး ထွက် နေဆဲ ဖြစ် သည်။

" ခွမ်း !

...
..

ချလွမ်း !

..
..

"ခွမ်း ! "

    အသံ တွေ အနည်း ငယ် ငြိမ် သွား သည့်အခါ  ဦးပြည့်စုံ
လွန်း သော့ဖွင့် ဖို့ အတွက် ခေါင်း ဆတ်ပြ လိုက်သည်။
ချပ်ခနဲ မြည်သံ နှင့် အတူ အခန်း က ပွင့် သွား ခဲ့ သည်။
သူ မခေါ် မချင်း အထဲ မလာ ဖို့ ခပ်တိုးတိုး မှာကာ ဦးပြည့်စုံ
သမီး အခန်း ထဲ တစ်လှမ်း ချင်း လှမ်း ဝင် လာ ခဲ့ သည်။
တစ်ခန်းလုံး မီးတွေ အမှောင်ချ ထား ပြီး မှန်ပြတင်း တွေ
အကုန် လိုက်ကာ ချ ထား သည် မို့ တစ်ခန်း လုံး မှောင်
မိုက် နေ ခဲ့ သည်။ သမီး ရဲ့ လက်ရှိ စိတ်အခြေ အနေက
လည်း ဒီ မှောင်မိုက် နေတဲ့ အခန်း လို ဖြစ်နေ မလား။
သူ မီးခလုတ် ဖွင့် လိုက် သည့် အချိန် မြင် ရသည့် မြင်ကွင်း
က အတော်ကြီး ရုပ်ပျက်ဆင်းပျက် နိုင် လွန်း လှ သည်။
အခန်း တစ်ခု လုံး မွစာ ကြဲ အောင် ရိုက်ချိုး ပေါက်ခွဲ ထား
တာ မြင်မကောင်းပေ။

ဘာ က သမီး ကို ဒီလို ဖြစ်အောင်
လုပ် နိုင် တာ လဲ ...

    ကုတင်ထောင့် မှာ ခြေ ဆင်း ကာ ထိုင်နေ သည့် သမီး။
အမြဲ လှပ ကျော့ရှင်းနေတတ် သည့် သူ့ရဲ့ သမီးမျက်ရှု က
တစ်မနက်ခင်း အတွင်း မှာ စိတ်ကျန်းမာရေး မကောင်း တဲ့
လူ မမာ တစ်ယောက်လို ညစ်ပတ်ပေရေ နေ ခဲ့ သည်။ သူ
ဝင် လာ တာ တွေ့ ပေမယ့်  တစ်ချက်သာ မော့ ကြည့် ပြီး
လက် ထဲ က ဖန်ခွက် ကို နံရံ ဆီ ပစ်ပေါက် လိုက်သည့် သမီး။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Onde histórias criam vida. Descubra agora