Ep_ 7

624 53 0
                                    

{ Zawgi }

Lift က ၁၁ ထပ် ရောက်သည့် အခါ ရပ် သွား လေ သည်။
ထို့ နောက် ထင့် ကို ခေါ် လာသည့် အမျိုးသမီး မှာ
သန္တာ လို့ ခေါ် ပြီး အတွင်းရေး မှူး တစ်ယောက်ဆို တာ
သိ ရ သည်။ ပိတ် ထား သည့် အခန်း တံခါး တစ်ခု အရှေ့
ရောက် သည့် အခါ ထင့် အရှေ့က အမျိုး သမီး မှာ
ရပ် သွား လေ သည်။

" အခန်း တံခါး ခေါက်ပြီး ဝင် သွား လိုက်ပါ
ဘော့စ် မင်း ကို စောင့် နေ ပါတယ်
ဒါဆို ခွင့်ပြုပါ ဦး "

မသန္တာ ထွက်သွား ပြီး တစ်ခြား အခန်း တစ်ခု သို့
ဝင်ရောက် ပျောက်ကွယ် သွား လေ သည်။ တိတ် ဆိတ်သည့်
ပတ်ဝန်း ကျင်မှာ ထင် တစ်ယောက်တည်း ကျန်နေ ခဲ့ သည်။
ပတ်ဝန်းကျင် ကြောင့် ပဲ လား  ထင် ကိုယ်တိုင်
ကြောင့် ပဲ လား ထင် မသိ ပေ။ ထင့် ရဲ့ နှလုံး က ရုတ်တရက် ဆန် စွာ အပြင်း အထန် လှုပ်ရှား လာ ခဲ့ သည်။
ထင် အခန်း တံခါး ခေါက် မိ လား မခေါက်မိ လား သေချာ
မမှတ်မိ ဘူး။ စက္ကန့် ပိုင်း ကြာ ပြီး သည့် နောက် မှာ ထင် ဟာ ခမ်းနား တဲ့ ရုံးခန်း တစ်ခု အတွင်း ရောက် ရှိနေ ခဲ့ ပြီ
ဖြစ် သည်။
ဆုံ လည် စားပွဲ မှာ တစ်စုံ တစ်ယောက် ထိုင် နေ တာ ထင်
တွေ့ သည်။ တဖြည်း ဖြည်း မော့ လာ သည့် မျက်နှာ ကို
ကြည့် ရင်း ထင့် အသက်ရှူနှုန်းတွေ မြန်ဆန် လာ ရသည်။
ဒီ မျက်ဝန်းတွေ က ထင် နှစ်ပေါင်းများစွာ ရင်းနှီး လာ ခဲ့တာ
ထင် မမှတ်မိဘူး ဆို တာ မဖြစ်နိုင်ဘူး မဟုတ် လား။

တဒုတ် ဒုတ် နဲ့ ထင့် နားထင် မှာ သွေးတွေ တိုးနေတာ
ပေါက်ထွက် တော့မည့် အလား ပင်။ထင် အရှေ့ကို ဆက်မတိုး နိုင် သလို အနောက်ကို လည်း လှည့်ပြီး မပြေး
နိုင်တော့ ပေ။ဒီပါ့ နှုတ်ခမ်းတွေ သိသိသာသာ လှုပ်ရှား
သွား တာ ထင် တွေ့ သည်။ နှုတ်ခမ်း လှုပ် ရုံ ဆိုပေမယ့်
ဘာ ကို ပြော ချင် ထင် သိ သည်။

" ထင် " တဲ့။

ဒီပါ စားပွဲ မှ ထ ကာ ထင့် အနား တိုးကပ် သွား မိ သည်။
ထင့် ကို သူ အကြာ ကြီး လွမ်းနေ ခဲ့ ရတာ။အခု ထင် က
ဒီပါ့ ရှေ့မှာ ရောက် လာ ခဲ့ ပြီ။ဒီပါ့ ထင့် မျက်နှာ လေး ကို
ထိတွေ့ ချင် သည်။ သူ လက် လှမ်း လိုက်ပေမယ့် ထင်က
တစ်ဖက် ကို မျက် နှာ လွဲ သွား ခဲ့ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now