Ep_21

417 20 0
                                    

[ Zawgi ]

ူဖူးပြည်စုံခင်

ဒီပါ့ အောက် အတန်း ၂ နှစ် ငယ်သည့် ဂျူနီယာ ညီမလေး တစ်ယောက် ဖြစ် ပြီး ဖေဖေ့ ရဲ့ စီးပွားဖက်
ဦးပြည့်စုံလွန်း ၏ တစ်ဦး တည်း သော သမီး လည်း ဖြစ် သည်။အရာရာ လိုလေးသေး မရှိအောင် မိဘ က ဖြည့် ဆည်း
ပေး ထားသူ မို့ အနည်းငယ် ကလေး ဆန်ကာ ဆိုးသွမ်းနေ
သူ ဖြစ် သည်။ဒီပါ အထက် တန်းကျောင်းသား ဘဝ က
ပင် ဒီပါ့ နောက် တစ်ကောက် ကောက် လိုက်နေ ခဲ့သူ ဖြစ်
သည်။ ဒါပေမယ့် ဒီပါ တစ်ခါ လေး တောင် ဒီ မိန်းခလေး
ကို သဘော မကျ ဖူး ခဲ့ပေ။ဘာ လို့ လဲ ဖူး ဖူး က မလှ လို့
လား။ မဟုတ်ပါဘူး ။ ဖူးဖူး က လှပါတယ်။ တက္ကသိုလ်
တက် သည့် အချိန် တုန်း က " The Whole Queen" ဖြစ် ဖူး ခဲ့သူ လေ ။မလှ ဘဲ ရှိပါ့ မလား။ မြင့်မား တဲ့ အရပ် နဲ့ကြွေချင်စရာ ခန္ဓာကိုယ် အချိုးအစားပိုင်ဆိုင်ထား သူ လည်း ဖြ စ် သည်။
   သူ ကုမ္ပဏီ မှာ အလုပ်သင်စ လုပ်ကတည်း က ဒီ
ကောင်မလေး နိုင်ငံခြားကို ရုတ်တရက် ထွက် သွား ခဲ့ တာ ဖြစ် သည်။တစ်ချိန် လုံး တောက်တဲ့ လို တွယ် ကပ် နေတတ် သည့် ဒီ ကောင်မလေး မရှိ သည့် အခါမှ ဒီပါ့ မှာ အသက်ကို
ဝ ဝ ရှူ နိုင်တော့သည်။ ဖူးဖူး ကို ဒီပါ့ အိမ်က မနိုင်သလို
ဦးပြည့်စုံ လွန်း တို့က လည်း မနိုင်ဘူး လေ။
     အခု လည်း ကြည့် ဒီပါ အိပ်ရာ နိုး လာသည့် အချိန်
ဒီကောင်မလေး ထမင်းစားပွဲ မှာ ထိုင်ကာ မနက်စာ စား နေ
လေ ပြီ။တကယ် ပဲ ဒီကောင်မလေး အိမ် မရှိ ယာ မရှိ ဖြစ်နေ တာလား ။ စောစောစီးစီး သူများ အိမ် မှာ ရောက် နေ
ရအောင်။
   ဖူးဖူး တစ်ယောက် ဒီပါ ဘာတွေး နေမှန်း မသိပါဘူး။
တီခင် ထည့်ပေး တဲ့မုန့်ဟင်းခါး ကို တဖူးဖူး မှုတ်
သောက် နေ လေသည်။

" သားငယ် နိုး ပြီ လား
လာ မေမေ ဒီနေ့ မုန့်ဟင်းခါး ချက်ထား
တယ် တစ်ခါတည်း လာစားလေ "

" တော် ပြီ မေမေ
သား သွားစရာ ရှိသေး လို့
အပြင်မှာ ပဲ စား တော့မယ် "

အပြင်သွား မယ် ဆိုတဲ့ စကားကြောင့် ဖူးဖူး တစ်
ယောက် သူမ သိပ်ကြိုက်လှပါတယ် ဆိုသည့် မုန့်ဟင်း ခါး
ကို နှမြော တသ ကြည့် ကာ ထပ် ရပ် လိုက် ရသည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now