Ep_ 5

627 38 0
                                    

[ Zawgi ]

AFTER 10 years Later

ခန့်ညား ချော မော ပြီး Suit အပြည့်အစုံ ဝတ်
ထား သည့် အမျိုးသား တစ်ယောက် စင်္ကြန် အတိုင်း
လျှောက် လာ နေ သည်။ ထို လူ ချော လေး ရဲ့
နောက်မှာ မျက်မှန်အကြည် တပ်ထား သည့် သက်လတ်
ပိုင်း အမျိုးသမီး တစ်ယောက် ပါ လာသည်။ ကြည့် ရတာ
လူ ချော လေး ရဲ့ အတွင်းရေး မှူး ဖြစ် ဟန် တူ ပါ သည်။
အမျိုးသမီး ၏ နောက် တွင် မူ  Body guard
လေး ယောက် က သတိ အနေအထား ဖြင့် လိုက်ပါ လာ
လေ သည်။
  အမျိုးသမီး မှာ သန္တာ လို့ အမည် ရပြီး အသက် ၃၀ ရှိ
ပြီ ဖြစ် သည်။ သူမ ရဲ့ အတွင်းရေးမှူး သက်တမ်း မှာ
၁၀ နှစ် နီးပါး ရှိပြီး လုပ်ငန်း ပိုင်းမှာ ထောင့်စေ့ အောင်
စီမံ နိုင်သူ ဖြစ် သည်။ ဒါကြောင့် လည်း သူမ က ဘော့စ်
အသစ် နှင့် အလုပ် တွဲ လုပ် ခွင့် ရခြင်း ဖြစ် သည်။

" မသန္တာ ဒီနေ့ အတွက် schedule
က ဘာ တွေ လဲ "

" ဟုတ်ကဲ့ ဘော့စ်
မနက် ၁၀ နာရီ မှာ ရုံးတွင်း မီတင်
ရှိပါတယ်။ခန့် မှန်းကြာချိန်က
၁ နာရီ ပါ "

" အင်း "

" နေ့ခင်း ၂ နာရီ ကျ ရင်
Mr. ဂယ်ရီ နဲ့  Novotel
မှာ တွေ့ရဖို့ ရှိပါတယ် "

" Mr. ဂယ် ရီ နဲ့ တွေ့ပြီး ရင်မြို့သစ်
ဘက်ကို အဆောက်အဦး အတွက်
မြေနေရာ သွားကြည့်ဖို့ ရှိပါတယ်
အမှန်တော့ မြို့သစ် ကိစ္စ က
ဘော့စ် လက်မှတ် ထိုး ရုံပဲ
လို တာ ပါ။
ဒါပေမယ့်  ဥက္ကဋ္ဌ က
ဘော့စ် ကို အဲ့က
ဝန်ထမ်းတွေ နဲ့ အကျွမ်းတဝင်
ရှိစေ ချင် လို့ တမင် သွားခိုင်းထား တာပါ "

" အို ခေ ကျွန်တော် သိပြီ "

" မီတင် စ ဖို့ ပြင် လိုက်တော့
ကျွန်တော် ၁၀ မိနစ် အတွင်း ခန်းမ ထဲ
ရောက် အောင် လာ ခဲ့ မယ် "

  ဘော့စ် က သူမ ကို ပြောပြီး တာ နဲ့ ဓာတ်လှေ
ကား ထဲ ရောက် သွား ပြီ ဖြစ် သည်။ဘော့စ် က ဘာလို့
နောက်ကြောင်းပြန် ခေါက် သွား တာ လဲ ။

" အို ခေ ၁၀ မိနစ် ဆို လည်း
၁၀ မိနစ် ပေါ့ "

   အမှန် ဆို မသန္တာ သာ နား ပါး ရင် သူမ ဘော့စ် ရဲ့
ဖုန်းက နေ noti သံ ထွက် လာ တာကို ကြား လိမ့်မည်။
ဒါပေမယ့် ကံမကောင်းစွာ ဘဲ သူမ မကြား လိုက်ပါ ဘူး။
တကယ်လို့ များ သူမ ရဲ့ ဘော့စ် က အဲ့ noti ကြောင့်
သူ့ ရဲ့ ကိုယ်ပိုင် ရုံးခန်း  ဆီ ပြေး သွား တာ သိ ရင်  မသန္တာ
တစ်ယောက် မျက် ဖြူ လန် မိ မလား ပဲ။
   ဘော့စ် က သူ ပြောသည့် အတိုင်း အချိန် အတိ အကျ
ရောက် လာပါ သည် ။ကြည့် ရတာ သူမ ရဲ့ ဘော့စ် အသစ်
မှာ ဝမ်းသာစရာ တစ်ခု ခု ရှိခဲ့ တယ် ထင်ပါ တယ်။ သူမ
အလုပ်ဆင်းလာ တဲ့ တစ်လ အတွင်း ဘော့စ် ရဲ့ အပြုံး
ကို ပထမဆုံး မြင် လိုက် ရသည် မဟုတ် လား။ သူမ
ဘော့စ်ရဲ့ ကိုယ်ရေးမှတ်တမ်း အသေးစိတ်ကို ရတုန်း
က သေချာပေါက် ဘော့စ် က ပြုံးခဲ တယ် လို့  အတိအကျ
ကြီး ရေးပေး ထား တာ သူမ မှတ်မိ သည်။ ဒါပေမယ့်
အခု လေး တင် ဘော့စ် က ပြုံးလိုက်တာ သူမမြင် လိုက်
သည်။ Projecter အရှေ့ present လုပ်နေသည့်
မန်နေဂျာ မှာ လည်း သတိထား မိပုံ ရသည်။ သူ present
လုပ် နေတာ ကို ခဏ ရပ် မိ သွား သည်။ သူ့ ဘော့စ် ထံ မှ
ဆက်လုပ်လေ ဆိုတဲ့ အမူအရာ မြင် မှ သူ ပြောနေတဲ့
အကြောင်း အရာ ကို ရှိုးတိုးရှန်းတန်း ဆက်ပြော ရတော့
သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Donde viven las historias. Descúbrelo ahora