Ep_ 8

610 42 5
                                    

{ Zawgi }

တစ် ပတ် လုံး ဒီပါ သွားရာ တကောက်ကောက် လိုက်ရသည့် အတွက် ထင် အတော်ကြီး ပင်ပန်းနေ ခဲ့ သည်။ တော်ပါ သေး သည် weekend တိုင်း ထင့် ကို
ပိတ်ရက် ပေးထား လို့ ။

" အား ငါ့ အိပ်ရာလေး "

ထင့် အော်သံကြောင့် တစ်ဖက်အိပ်ရာ မှ မြင့်မိုရ် ခေါင်း
ထောင် လာ သည်။

" လရောင် "

" အွန်း !

" အရမ်း ပင်ပန်း လား "

" အွန်း ပင်ပန်းတယ် "

" အဲ့လို မှန်း သိရင် ငါ့သူငယ်ချင်းလေး ကို
Galaxy မသွား ခိုင်းပါဘူး "

" အွန်း မြင့်မိုရ်မ နောက်မှ ပြော ဟာ
အခု ငါ အိပ်ချင်သေး တယ် "

" အိုခေ
အိုခေ နောက်မှ ပြော မယ် "

ထင် ပြော ပြီး တာ နဲ့ ပြန်ပြီး အိပ်ပျော် သွား ပုံ ရသည်။
ခဏ အတွင်း အသက်ရှူသံ မှန်မှန် ထွက် လာ သည် လေ။
ထင် အိပ်ရာ ထ သည့် အချိန် မနက် ၁၀ နာရီ ထိုးတော့ မည်
ဖြစ် သည်။ မီးဖိုခန်းထဲ က ထွက် လာသည့် ချဉ်ရည်ဟင်း နံ့
ကြောင့် ထင့် ဗိုက်က ဂွိခနဲ မြည် သွား သည်။ ထင် မနက်စာ
လွတ် သွား ပြီ ။အ အိပ်မက်သည့် အကျိုးဆက်ကြောင့် ထင့်
ဗိုက်ထဲက အကောင်တွေက ခြေဆောင့်လက်ဆောင့် ဖြစ်နေကြ လေ ပြီ။ ထင် ရေချိုးခန်းဖက် ပြေးကာ မျက်နှာသစ် ခြင်း အမှုကို ခပ်သွက် သွက်ပြု ရ သည်။

" လရောင် ..
.."

"နိုး ပြီ လား "

" အွန်း နိုးပြီ "

ထင် သွား တိုက်နေရင်း ဗလုံးပထွေးဖြင့် ပြန်အော် ရသည်။

" မြန်မြန် လုပ်ခဲ့ ဒီနေ့ နင့်အကြိုက် ဟင်းတွေ ချည်း
ချက်ထားတာ "

" အင်း "

မြင့်မိုရ် တကယ် လည်း ထင့်အကြိုက်ဟင်းတွေ ချက်
ထား ခြင်း ဖြစ် သည်။ အချဉ်သောက် အတွက် ချဉ်ပေါင်
ချည်ရည်ဟင်း ၊အမဲသားနှပ် ပြီးတော့ ပုစွန်အသေးတွေကို
ငရုတ်သီး ခပ်စပ်စပ် ကြော်ပေး ထား သည်။ မြင့်မိုရ် ရဲ့ လက်ရာ က လုံးဝ ကောင်းတာ ထင် သိ သည်။ဝမ်း ဟာဟာ
ဖြင့် ထင် တွယ် လိုက်တာ ထမင်း နှစ်ပန်းကန် ပြိုက်ခနဲ ပဲ။
ထမင်းစား ပြီး နှစ်ယောင်သား အဆောင်ရဲ့ တစ်ခု တည်း
သော လသာ ဆောင် ရှေ့ ရောက် သွား ကြ သည်။ မြင့်မိုရ်က ရှေ့ရက် ဝယ်ထား သည့် နေကြာစေ့ ထုပ် ကြီး
မ ချ လာ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now