Ep_ 4

635 38 0
                                    

[ Zawgi ]

ထင် က ဒုတိယ အကြိမ် အရေး ပေါ် ခန်း ကို
ရောက် သွား ပြန် သည်။ အရေးပေါ် ဌာန မှ သူနာပြု
မှာ  ထင့် နာမည် ကြား သည့် အခါ

" ဒါလေး က လရောင် ထင် လား "

ဆိုပြီး တအံ့တသြ ဖြစ် နေ ခဲ့ သည်။ ဒီကလေး ကို သူမ
မှတ်မိ သည်။ ထို့ နောက် ထင့် ကို အတွင်း ဘက် အခန်း
ထဲ ပို့ ကာ အပြာရောင် လိုက်ကာ စ ကို ဆွဲ ပိတ် လိုက်ကြ
သည်။

" ကလေး အပြင်မှာ ပဲ စောင့် နေပေးနော်
အခုက လရောင် ကို ဆရာ တွေ စမ်းသပ်နေကြ
တယ် "

" ဟုတ် "

ဒီပါ အရေး ပေါ် အခန်း ရဲ့ အရှေ့ ဘက် မှာ  ဆောက်တည်
ရာ မရ ဖြစ် နေခဲ့ သည်။
ထင် ပထမ ဆုံး ဆေးရုံ တက်ရသည့် နေ့ကို သူ မှတ်မိ
သည်။ ဒီပါ့ ထက် ခေါင်း တစ်လုံး ပို မြင့် သည့် ထင့် ကို
ကျောပေါ် တင်ပြီး  မိုးရေ ထဲ သွေးရူး သွေးတန်း ပြေး
ခဲ့ရသည်။ အဲ့ အချိန် တုန်း က ဒီပါ့ အတွေး ထဲ ရှိတာ က
ထင့် ကို အိမ် ရောက်အောင် ခေါ် သွား ချင်ခဲ့ တာ ဖြစ် သည်။ဒါပေမယ့် ဒီ တစ်ကြိမ် တော့ မတူ တော့ ဘူး ။
ထင်  က သူ့ အတွက် ဘယ်လို ဖြစ်တည် မှုမျိုး ဆို တာ
သိ နေ ခဲ့ ပြီ ။ ထင့် ကို ကာကွယ် ဖို့ သူ့ကိုယ် သူ သန်မာ
မှ ဖို့ လို သည်။ ထင့် ကို သူ့တောင်ပံ တွေ အောက်မှာ ဝှက် ထား ဖို့ သူက လုံလုံလောက်လောက် အင်အား ရှိဖို့ လို သည်။ ထင် သာ ဘေး ကင်း မယ်ဆို  သူ ဘာ မဆို လုပ် ရ လိမ့်မည်။

" ဟယ်လို ဖေဖေ "

" အေး
သား ငယ် ပြော "

" သား  ဖေဖေ့ ကို
တောင်း ဆို စရာ ရှိ လို့ "

" ဟေ!!

  ထူးထူးဆန်းဆန်း ဖုန်းခေါ် လာ သည့် သားငယ် ကြောင့်
ဦးမင်းစည် အံသြ နေ သည်။ ပြီး တော့ ဖအေ ကို တစ်ခါ မှ နားပူ နားဆာ မလုပ်ဖူး တဲ့ သူ က အခု တောင်း ဆို စရာ ရှိ
လို့ တဲ့ ။ ဦး မင်း စည် ထပ်ဆင့် အံ့သြ ရပြန် သည်။

" ပြော ငါ့သား
ဘာ ဖြစ် ချင် တာ လဲ
ဖေဖေကူညီ နိုင်တဲ့ ကိစ္စ
ဆို ဖေဖေ ကူညီမယ် "

"....."

"...."

"...."

   သား ဖြစ်သူ ရဲ့ စကား ကြောင့် ဦးမင်းစည် ရဲ့ ပင့်ထား
တဲ့ မျက်ခုံး တွေ က အောက် မကျ လာ တော့ ပေ။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now