Ep_10

560 33 0
                                    

{ Zawgi }

ဒီပါ တစ်ယောက် လက်က သိုင်းကြိုး နှင့်ပင် ထင့်ရှေ့
က တလွှား လွှား သွား နေလေ သည်။ ထင့် မှာ ဒီပါ့ ခြေလှမ်း ကျဲ ကြီး များ ကို မှီအောင် မနည်း လိုက်နေရ
သည်။ဆိုက်ထဲ ခရီး ရောက် မဆိုက် ပင် ဒီပါ တစ်ယောက်
ဆိုက်မန်နေဂျာ ကို ဆူပူ ရတော့ သည်။

" ဦး မောင် ဒါက ဘယ်လို ဖြစ် တာ လဲ "

" ဟုတ်ကဲ့ ဘော့စ် ဒါကလေ
မတော် တဆ ဖြစ်သွား ရတာ ပါ "

" ကျွန်တော့် ဆိုက်မှာ လုပ် ရင် ဦးထုပ်ဆောင်း
ရမယ် ဆို တာ ခင်များ ကြို မပြော ဘူး လား "

" ဟုတ်ကဲ့ ကျွန်တော် လည်း ပြော ပါတယ်
ဒါပေမယ့် ..."

" ဒါပေမယ့် မလို ချင်ဘူး ဦးမောင်
ကျွန်တော်တို့ လုပ်နေတာ ဆောက်လုပ်ရေး
လုပ်ငန်း မတော်တဆ ဆို တာ အချိန် ပြည့်
ဖြစ် နိုင်တဲ့လုပ်ငန်း ခွင် မျိုး
ကိုယ့်ကိုယ် ကာကွယ် ဖို့ အသိလေး တောင်မရှိရင်
ကျွန်တော့် ဆိုက်ကို မလာ ခိုင်း နဲ့ "

ဒီပါ က ဥက္ကဌ ကြီး နဲ့ ယှဉ် ရင် ပိုပြီး စည်း ကမ်း တင်း
ကြပ် တတ် သူ ဖြစ် သည်။ အခု ဖြစ် သွား သည့် ကိစ္စ မှာ
ဒီပါ ပြော တာ မမှား။ ဆောက်လုပ်ရေး လုပ်ငန်း ဖြစ် တဲ့
အလျောက် လုပ်ငန်း ခွင် လုံခြုံ ရေး က အရေး အကြီး ဆုံး
ဖြစ် သည်။ ဒါပေမယ့် ဒီ အသစ် ဝင် လာ သည့် ကောင်လေး
တွေ က နည်း နည်း ပြော ရခက် သည်။ အလုပ်ကို အားကြိုး
ခွန်စိုက် လုပ်တတ် ကြပေမယ့် ဘော့စ် ထုတ် ထား သည့်
စည်းကမ်းတွေ ကို လိုက်နာ ဖို့ ကျ ဝန်လေး ကြ သည်။ အခု
ကြည့် ပြုတ်ကျ ပြီ။
ထင် ဒီပါ့ ကို ဒီ အတိုင်းလေး ကြည့်နေမိ သည်။ ထင့်ရဲ့
ဒီပါ က ကောင်းကောင်း ကြီးပြင်း လာ ခဲ့တာ ပဲ။ တစ်ချိန်က
ထင် သိခဲ့တဲ့ နုနုညံ့ညံ့ ကောင်လေး မဟုတ်တော့ ဘူး။ တည်
ငြိမ် ခန့်ညား သည့် အမျိုးကောင်းသားလေး ဖြစ် လာ ခဲ့ ပြီ။
ထင် က လုံးဝ အဖတ် ဆယ် မရအောင် ကျဆုံး သွား ခဲ့ပြီပဲ။
ဒီပါ အခု ဝတ်ထား သည့် ခိုပြာရောင် အကျီ င်္ နဲ့ ပန် က
ထင် ကိုယ်တိုင် ရွေး ပေး ထား တာ ဖြစ် သည်။ တစ်ခါ တစ်လေ ထင့် ကိုယ် ထင် တွေး မိ သည်။ ထင် ကို ဒီပါ
ညာ ပြီး အိမ် ခေါ် ထား သလား လို့ ပါ။ သေချာ တွေး ကြည့်
ရင် ထင် ဒီပါ့ အိမ် မှာ နေတယ် ဆို ပေမယ့် ထင် လုပ် ရတဲ့
အလုပ် က ဘာ မှ မယ်မယ် ရရ မရှိပေ။ ညာ ဖက် လက်
တစ်ဖက် ကို မသုံး နိုင်တာက လွဲ ရင် ဒီပါ က ကျန်တာ
အကောင်း ဖြစ် သည်။ ဒါကြောင့် ထင် သူ့ကိုယ် အချိန်ပြည့်
သွား ကူပေးစရာ မလို ဘူး။ ဒါနဲ့ များ ဒီပါ က ထင့် ကို ဘာလို့
များ အိမ် ခေါ် လာ ပါ လိမ့်။
ကြီးကြီး ငွေ တစ်ယောက် ဆေးရုံ ဆင်း လာ တာ နဲ့ အား
အား မနေ ပါချေ။ ခြံစောင့် မာလီ ကြီး ကို ခေါ် ကာ မြေဆွ
ခိုင်း နေလေ သည်။ ထင် လည်း ဒီနေ့ ပိတ်ရက် မို့ ကုမ္ပဏီ
မသွား ရပေ။ သို့ နှင့် ကြီးကြီး နား သွား ကာ စပ်စု နေ လေ
သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now