Ep_14

489 33 3
                                    

  [ Zawgi ]

နောက်ရက်မှာ ဒီပါ တို့ ပြန် ခဲ့ကြ သည်။ မြို့ကို
လည်ပတ် ခွင့်မရ ပေမယ့် လည်း ဒီပါ ပျော် ခဲ့ သည်။
သူ ထင့်ကို    ဖွင့်ပြော နိုင်ခဲ့ သည်လေ။ မထင် မှတ် ဘဲ
ဖွင့် ပြော ခဲ့တာ ဖြစ်ပေမယ့် ဒါက မလွဲမသေ ဖြစ်
လာမယ့် ကိစ္စ ဖြစ် သည်။ သူ တစ်သက်လုံး ထင့်ကို
ဒီ အတိုင်း တိတ် တိတ် လေး ချစ်မသွား နိုင်ဘူး လေ။
   သူ့ လက်က လည်း သိုင်းကြိုး လွှတ်သွား ပြီ မို့ ထင်
က အဆောင်ပြန် သွား ပြီ ဖြစ် သည်။ သူ့ အဖြစ်က လည်း
နီးရက် နဲ့ဝေး ဆိုတာ မျိုး ဖြစ်နေ ပြီ။ သူ က ထင် နဲ့ နီး
ချင်လေလေ ထင် နဲ့ ပိုဝေး လေ ဖြစ် လာ သလို ပင်။
နဂို က သူ့ကို ဆို ခပ်တန်းတန်း ပြော ဆို တတ် သည့်
ထင် က ပြန်ရောက် က တည်း က သူ့ကို တမင်
ရှောင် နေ သလို ခံစား ရသည်။ ကိုယ့် ဘေး တစ်ချိန် လုံး
ရပ် နေပေမယ့် မိုင်ပေါင်း ထောင် ချီ ဝေး နေ သလို ပါပဲ
လား ထင် ရယ်။
     ဒီပါ အလုပ်စားပွဲ ပေါ် က စစ် ရမယ့် ဖိုင် တွေ ကို
အသာ တွန်း ကာ စားပွဲပေါ် မှောက်နေမိ သည်။ သူ
တကယ် စိတ် ညစ် နေသည်။ ထင် က ဘာလို့
သူ့ကို သဘော မကျ ရတာ လဲ။အလုပ် တွေ ပုံ နေပေမယ့်
အလုပ် ထဲ စိတ် နှစ်ဖို့ သူ အာရုံမစုစည်း နိုင်ဘူး။

" အား !!
ငါ့  အချစ်ရေး က လည်း
နတ် ကြီး လိုက်တာ "

   သူ စား ပွဲပေါ် ဘယ်အချိန် အထိ မှောက်နေမိမှန်း မသိဘူး။သူ့စားပွဲ က ခေါက်သံ သေးသေး ထွက် လာမှ
အသိ ဝင် လာ ခဲ့ သည်။

" ဘော့စ် "

" အာ ! မ သန္တာ ဆောရီး
ကျွန်တော် နည်းနည်း စိတ်ပျံ့နေလို့ "

" ရုံးဆင်း ချိန် ရောက်ပြီ ဘော့စ်
အကုန် ပြန် သွား ကြ ပြီ
ဘော့စ် မပြန် သေးဘူး လား "

   ဒီပါ လက်က နာရီကို ငုံ့ကြည့် မိသည်။ တကယ် ညနေ
၅ နာရီ ထိုး သွား ပြီ ပဲ။

" ပြန် နှင့်လေ မသန္တာ
ကျွန်တော် နည်း နည်း အစသတ်စရာ
ကျန်သေး လို့
ခဏ တော့ နေခဲ့ဦး မယ် "

" အိုခေ
အို ခေ ဒါဆို
ကျွန်မ ပြန်ပြီနော် ဘော့စ် "

" အိုခေ
နောက်ရက်တွေ့ မယ် မသန္တာ "

  ဒီပါ့ ထင့် စားပွဲ ကို လှမ်း ကြည့် မိသည်။ ထင်တောင်
ပြန် သွား ပြီ ပဲ။သူ လည်း အစောတုန်း က သူဖယ်ထား
သည့် ဖိုင်တွေ ပြန် ရှာကာ အလုပ် ဆက် လုပ် ရသည်။
နောက် နာရီ နည်းနည်း ဆို အလုပ်တွေ ပြီး လောက်ပါပြီ။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now