Ep_ 3

717 40 2
                                    

[ Zawgi ]
ထင် က ဆေးရုံ ပေါ်မှာ အချိန် တစ်ခု ကြာသည့် အထိ
နေ ခဲ့ ရသည်။ဒီပါ တစ်ယောက် ညနေ ကျောင်းဆင်း တိုင်း ထင့် ဆီ သွား ဖို့ မေမေ့ ကို ပူဆာ ရသည်။ လွန်ခဲ့တဲ့
သောကြာနေ့ က အသီးခူးရတဲ့ ရက် မို့ မေမေ က ဒီပါ့
ကို ထင့် ဆီ ခေါ် မသွား ပေး နိုင်ခဲ့ဘူး။ အဲ့နေ့ ညက
ဒီပါ အိပ်မက်ဆိုးတွေ မက် ခဲ့ သည်။ ထင် က သူ့ကို
ပစ် ပြီး ဟိုး အဝေးကို ထွက်သွား တာ တဲ့။

" ထင် မသွား ပါ နဲ့
အီး ဟီး !!

" ထင် ပြန် လာ ခဲ့ လို့
အီး !!

" ထင် !!

" မေမေ ထင့် ကို
ပြန် ခေါ် ပေး "

ခင် သားငယ် အခန်းထဲ ရောက်သည့် အချိန် တွေ့ လိုက်
ရသည့် မြင်ကွင်း ကြောင့် အတော်လေး စိတ်မကောင်း
ဖြစ် ရသည်။သား က အိပ်မက် ယောင်ပြီး ငို နေခဲ့တာပဲ။

" အော် ~
သား ဇမ္ဗူ ရယ် "

နောက် ရက် မနက် အစော မှာ ပင် ဒီပါ နဲ့ မေမေ
ဆေးရုံ ခန်း ဆီ ရောက် နေ ခဲ့ ကြပြီ။ ထင် က သူ့
ကို ထား မသွား ဘူး။ အ လကား အိပ် မက်။ ဒီလို နဲ့
ဒီပါ က မေမေ အလုပ် ရှုပ်ရှုပ် ၊ မရှုပ် ရှုပ် ထင့် ဆီ နေ့တိုင်း ရောက် နေ တော့ သည်။

တစ်နွေပြောင်း လို့ တစ်ဆောင်း သစ် လာ ပြန် ပြီ။
ဒီပါ နဲ့ ထင် က ဒီနှစ် အလယ်တန်း ကျောင်း သို့ပြောင်း
ရသည်။ ဒီပါ က ကျောင်း အသစ် မှာ အနည်း ငယ်
ရှိုးတိုးရှန်းတန်း ဖြစ်နေပေမယ့် ထင် က တော့ ထင့်စရိုက်
အတိုင်း ကျောင်း အနှံ့ လှည့်ပတ်ကြည့် နေတော့ သည်။
မနှစ်က အထိ ထင် က ဘောင်းဘီ ဝတ်ပြီး ကျောင်းတက်
လို့ ရပေမယ့် ဒီ နှစ်တော့ မရတော့ဘူး။ ကျောင်းစည်းကမ်း
အရ အကျီ င်္လက်ရှည် တံတောင်ဖုံး နဲ့ ထဘီ ဝတ် ရသည်။
ဒီ နှစ်မှာ ဒီပါ က အရပ်ကလေး မဆို စလောက် ရှည် ထွက်
လာ သည်။ အခု ဆို ထင့် အရပ် ကို ပင် မှီ တော့မည်။
တစ်ခါ တစ်လေ သူ စိတ်ကူး ပေါက် သည့် အခါ မျိုး
သူက ဘာလို့ ထင့် ထက် အရပ် ပု နေ ရသ လဲ ဆိုပြီး
မေမေ့ ကို မေးဖူး သည်။ မေမေ က ..

" သား ကြီး လာ တဲ့ အခါ ထင့် ထက် အရပ် အများကြီး ရှည်
လာ မှာ ပေါ့ သား ရယ်
သား ကိုကြီးတွေ ပဲ ကြည့် အရပ်ကြီးတွေ
အရှည်ကြီး မဟုတ် လား။
သားလည်း သား ကို ကြီးတွေ လို
ဖြစ် လာ မှာ လေ "

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now