Ep_13

500 36 0
                                    

  [ Zawgi ]
ထင် က သူ့ ကျောပေါ် မှာ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်
နေသည် မို့ သူ မနိုး ရက်။ ထင့်ခြံဝန်း က သော့ခတ်
ထား တာ ဖြစ် သည်။ သူ အနည်းငယ် တွန့် ဆုတ်နေ ပေမယ့် ဒီဟာ ကို စမ်းသပ်ဖို့ သူ စိတ်လှုပ် ရှား နေ ဆဲ
ဖြစ် သည်။သူ မီးလုံးအောက်ခြေကိုအသာ စမ်း လိုက် သည်။
သူ မှတ်မိတာ မမှား ဘူး ဆို ထင်က အိမ် သော့အပို
တစ်ချောင်း ကို အဲ့မီးလုံး အောက်မှာ ဝှက်ထား တတ် သည်။
ခပ်မာမာ သတ္ထု တစ်ခု ကို သူ စမ်းမိ သည်။ ထင် က ငယ်ငယ် တုန်း က အကျင့် မပျောက်သေး ဘူး ပဲ။ အချိန်
တွေ ကြာ သွားခဲ့ပေမယ့် တစ်ချို့ တစ်ချို့ သော အရာတွေ
က ပြောင်း လဲ သွားပြီး တစ်ချို့ တစ်ချို့ သော အရာ တွေက
မပြောင်း မလဲ တည်ရှိနေ သေး သည်။ သူ ထင့် ကို သဘော
ကျ သည့် စိတ် နဲ့ အခု လို မျိုး အိမ် သော့ ထား တတ် သည့်
အလေ့အကျင့် တွေ ပေါ့။ သူ တံခါး ကို လွယ်လွယ်ကူကူ
ပင် ဖွင့် ရ သွား သည်။
     သူ တံခါး ဖွင့် ပြီးသည့် အခါ သူ့လှုပ်ရှား မှုကြောင့် ထင်
သည်။ ထင် နိုး လာ ခဲ့ သည်။ကြည့် ရတာ အရက်မူး နည်း
နည်း ပြေ သွား ပုံ ရ သည်။ သူ့ကို စိတ်ရှုပ်ထွေး စွာ ကြည့်
နေ လေ သည်။ပြီးတော့  ထင် ခပ်တိုးတိုး လေး ပြော လိုက်သည့် အသံ ကို သူ  ကြား လိုက်သည်။

" ကျေးဇူး " တဲ့။

   သူ နှင့် ထင် အိမ် ထဲ ရောက်သည့် အချိန် တွင် တိုင်ကပ်
နာရီမှ ည ၁၁ ထိုးသည့် အချက်ပေးသံ မြည် လာ ခဲ့သည်။
သူ ရော ထင်ပါ မရည် ရွယ်ပါ ဘဲ  ထို တိုင်ကပ်နာ ရီကြီး ကို
ပြိုင်တူ ကြည့် မိ လိုက် ကြသည်။

" ည နက်ပြီ ဒီမှာ အိပ် သွား လိုက်ပါ "

   ထင့်ရဲ့ အပြစ်မကင်း သည့် မျက်ဝန်း များ ကို
သူ တွေ့လိုက်ရသည့် ခဏ ငြင်းဆန်ဖို့ ပြင် နေသည့်
သူစကားများ ဟာ လေ ထဲ ဒီအတိုင်း ပျောက်သွား ရသည်။
ထင် က မပြန် စေ ချင်မှ သူ လည်း မပြန် ရုံ ပဲ ပေါ့။သာထူး
ကို အိမ် ပြန်မအိပ် မယ့် အကြောင်း လှမ်း ပြော ပြီး  သူ
ရေချိုး ပစ် လိုက်သည်။ ထင့် ကိစ္စ နဲ့ သူ ပြေး လွှား ထား
တာ သူ့ တစ်ကိုယ် လုံး ချွေးတွေ နစ် နေသည် ခဲ့သည် လေ။
    အကျီ င်္ အပို မပါ သည့် အတွက် ထင် ထုတ်ပေးထား
သည့် ည ဝတ် ကို သာ ကောက်စွတ် လိုက် ရသည်။ အကျီ င်္ က သူ နဲ့ နည်းနည်း သေး ပေမယ့် ကျပ်နေတာ မျိုး တော့
မဖြစ်ပေ။ ပြီးတော့ တစ်ခါ မှ ဝတ်ထား ရသေး သည့် ပုံ လည်း မပေါ် ပေ။ သူ အကျီ င်္ ကနေ အဝတ်အသစ်တွေ မှာ ရတတ် သည့် အနံ့ မျိုး ရနေ သည်။
     ဒီပါ အိပ်ပျော်ခါနီး တွင် သူ့ အခန်း ကနေ တံခါး
ခေါက်သံ သဲ့သဲ့ ကြား လိုက်သည်။ သူတံခါး သွား ဖွင့်
တော့ သူ့အခန်းရှေ့ မှာ ရပ်နေ သည့် ထင် ကို တွေ့ လိုက်
ရသည်။ ထင် လည်း သူ့လို ရေချိုး ခေါင်း လျှော် ထား ပုံ ပင်။
ထင့် ဆံပင်တို တို လေး တွေ က ခေါင်း မှာ ကပ်နေ ကြ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now