Ep_16

485 24 6
                                    

   [ Zawgi ]

နောက်ရက် သူ အိပ်ရာ နိုး လာသည့် အချိန် သူ့ရင်ခွင်
ထဲက ထင် က မရှိတော့ ပေ။

" ဟား !
ငါ ဘာတွေ လုပ်မိ သွား တာ လဲ "

   သူ အခန်း ပြန်အပ်ကာ ဟိုတယ်ကနေ ထွက် လာ
ခဲ့ သည်။ သူ ဘာ တွေ လုပ်မိ သွား တာလဲ။ သူ အချိန်
အကြာကြီး ချစ်ခဲ့ သည့် အမျိုးသမီးလေး ကို သူ ဘာတွေ
လုပ်မိ သွား တာလဲ။ ဒီပါ ကိုယ့်ကိုယ် ရွံ လာသလို ခံစား
ရသည်။ သူ ထင့် အပေါ် အမှားအကြီးကြီး လုပ် မိ ပြီ။
သူ ဒီနေ့ ကုမ္ပဏီ မသွား ဖြစ် ပါ ။ အခန်း ထဲ မှာ
ဒီ အတိုင်း ငူငူငေါင်ငေါင် ကြီး ထိုင် နေမိ သည်။ ည ဘက်
အိမ် ပြန် မအိပ်သည့် သူ့ ကို မေမေ က တစ်ခု ခု မေး
ချင်နေ ဟန် ရှိသည်။ အဆုံး မှာ မေမေ က ဘာ မှ မမေး
ခဲ့ဘူး။သူ့ ပုံစံ က မေမေ ပါ ရပ်မိ လောက်သည့် အထိ ဆိုးဝါး
နေ လောက် သည်။ ဒီပါ သူ တကယ် မပျော် ရွှင်တော့ပါ။
   သူ့ လက်ပတ် နာရီ ကနေ တချက်ချက် မြည်နေ ခဲ့ သည်။
အချိန် တွေ တရွေ့ရွေ့ ကုန်နေ သည်။ သူ ဘာ လုပ် သင့်
လဲ။ သူ တကယ် ဘာ လုပ် သင့် လဲ။ ညနေ ၄ နာ ရီ။သူ
ဘယ်လို မှ မနေ နိုင်ပါ။ သူ ထင် နဲ့ တွေ့ဖို့ လို သည်။
    သူ ထင့် အဆောင်ရှေ့ ရပ်နေတာ နာရီဝက် နီး နီး ရှိနေပြီ
ဖြစ် သည်။ သို့ သော် ထင့် အရိပ် အယောင်ကို မူမမြင် ရသေးပေ။ ထင် ရုံး မဆင်းသေးဘူး ထင် သည်။ သူ
စိတ်ဓာတ်ကျ စွာ မြေကြီးကို သာ ငုံ့ကြည့်နေမိသည်။ ထင်
သူ့ကို ခွင့်လွှတ်ပေး နိုင်ပါ့ မလား။ သူ ကရော  ထင့် ခွင့်လွှတ် မှု နဲ့ တန်ပါ့ မလား။ သူ မသိပေ။သူ ခေါင်းငုံ
ထား သည့် အတွက် သူ့ မြင်ကွင်းထဲ မှာ မြေ နီနီ လမ်းက
သာ စိုးမိုး ထား သည်။ ထို့ နောက် သူ့ ရှေ့ မှာ ခြေစုံ ရပ်
သည့် တစ်စုံ တစ်ယောက်။ သဲကြိုးဖိနပ်နှင့် လှပစွာ ပနံရ
နေသည့် ခြေဖမိုးလေး တွေ ။ သူ ပိုင် ရှင်ကို သိရဖို့
ခေါင်း ကို တဖြည်း ဖြည်း မော့ ကြည့် မိသည်။ 

" ထင် "

   ဗမာဝတ်စုံ မဝတ်စဖူး ဝတ် ထား သည့် ထင်။ ဆံပင် အတို
လေး ကို နားနောက်ပို့ကာ သူအမျိုးအမည်မသိသည့်
ကလစ် သေးသေး လေး တွေ ပန် ထား ခဲ့သည်။ သူ မမြင်
ဖူး သည့် ထင့် ရဲ့ ပုံစံ အသစ်က သူ့ကို စက္ကန့်အနည်းငယ်
မှင်သက်မိစေ သည်။ ထင့် လည်ပင်နား မှာ ခပ်ရေးရေး
ထင်နေ သည့် အနီ ရောင်အမှတ် တစ်ခု ။ သူ မျက်နှာလွဲ
မိသည်။
 
   အဆောင်ရှေ့ မှာ ရပ် နေသည့် အတွက် အဆောင်သူ တွေ က ဖြတ်သွား တိုင်း ဒီပါ တို့ကို ကြည့်နေကြ သည်။
သူ  နဲ့ ထင် စကား ပြော ဖို့ လို သည်။ ဒီနေရာ က သူတို့
စကား ပြောဖို့ အဆင်ပြေတဲ့ နေရာ မဟုတ် ပေ။ ထင်
က သူ့ နောက် ကို အေးအေးသက်သာ ပင် လိုက် လာ ခဲ့
သည်။
   သူ ကား ကို အရိပ် ရသည့် ကုက္ကိုပင် အောက် ထိုး ရပ်
ကာ ဘေး မှ ပါ လာသည့် ထင့် ကို ကြည့် မိသည်။ ကား
တံခါးပေါ် လက်ထောက် နေသည့် ထင်က တစ်ခု ခု ကို
တွေး နေ ပုံ ရကာ လမ်းတစ်ဖက် က လယ်ကွက် စိမ်းစိမ်း
များ ကို ငေးနေလေ သည်။
    ငေးမော နေသည့် ထင့်ပုံရိပ် က သူ့ကို ရင်နာ စေသည်။
ဒီပါ သူက ထင့်ကို တောက်ပသည့် အပြုံးများ နှင့် အမြဲ
ရှိနေ ချင် ခဲ့ တာ ဖြစ် သည်။ ဒါပေမယ့် အခု သူ ဘာ
လုပ် မိသွား လဲ။ သူ သိပ်ချစ် ပါ တယ် ဆို တဲ့ မိန်းခလေး
ကို ညစ်နွမ်း အောင်လုပ်ခဲ့ မိသည်။ သူ တောက်ပစေချင်
ခဲ့သည့် မျက်ဝန်း များ မှာလည်း သူ့ကြောင့် ပဲ မှေးမှိန် သွား
ရသည်။ သူ က တကယ် သောက် သုံး မကျ တဲ့ လူ တစ်
ယောက်ပဲ။
    သူ ကား စတီယာရင် ကို လက်ချောင်းတွေ ဖြူ ဆုပ်
လာ တဲ့ အထိ တင်းကျပ်အောင် ဆုပ်ကိုင်ထား မိသည်။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူ ရှိုက်မိသည်။ သူ ဒီ
စကား ပြော ဖို့ အတွက် ....အချိန် အကြာကြီး စဉ်းစား
ခဲ့ ရသည်။ထင် သူ့ကို နားလည် နိုင်မှာပါ။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now