Ep_12

509 35 2
                                    

 { Zawgi }

ဒီပါ က သူ ဘယ်လောက်ပင် ထင့် ကို  ချစ်ပါစေ
တစ်ချိန် လုံး ထင့် အနား ကပ်တွယ် လို့ မရဘူး ဆို သူ
နား လည်သည်။ဒီနေ့ က ထင့် ဖေဖေ နှစ်ပတ်လည်
ဖြစ် သည်။ ထင် တစ်ယောက် သေချာ ပေါက် ဝမ်းနည်းနေ
မယ် ဆိုတာ သူ သိပေမယ့် သူထင့်ဆီ မသွား ချင်ခဲ့ ဘူး။
ဒီပါ ဒီအတိုင်း ထင် တစ်ယောက်တည်း နေဖို့ လို နေတယ်
လို့ ခံစား ရ၍ ဖြစ် သည်။အမှန် အတိုင်း ပြော ရ ရင်
ဒီ ၁၀ နှစ် အတွင်း ထင့် မှာ ဘာ တွေ ဖြစ် ပျက်သွား ခဲ့
လဲ သူ သေချာ မသိ နိုင်ခဲ့ဘူး။ သူ တဖြည်း ဖြည်း ထင့်
အကြောင်းတွေ ပိုသိ ရ ဖို့ ကြိုးစား ရမည်။  ဒီနေ့ တော့
ထင် တစ်ယောက်တည်း လွှတ် ထား ပေး ဖို့ သူ ဆုံးဖြတ်
လိုက် သည်။

" ဟေ့ကောင် ဒီပါ
နိုး ပြီ လား
လာ ကွာ မနက်စာ စား
ရအောင် "

   သာထူး အိမ် က ပျဉ်ထောင် အိမ်မြင့် ဖြစ် သည်။ ဒီပါ
က ဧည့်သည် ဖြစ် သည့် အ တွက်  အပေါ် ထပ်
ဧည့်သည် အခန်း မှာ နေရာ ချပေး ထား တာ ဖြစ်သည်။
သာထူး ဖေဖေ က တောင်သူကြီး ဖြစ် သည့် အလျောက်
ဒီပါ တို့ နှင့် ရင်းနှီး ပြီးသား ဖြစ် သည်။ အိမ် မှာ လည်း
သာထူး အပါအဝင် မိသားစု ၃ ယောက်သာ ရှိသည့် အတွက်
ဒီပါ ထူးပြီး အားမနာ ရတော့ ပေ။

" လာ သားဒီပါ
မင်း က ထွား လိုက်တာ
သာထူး သာ မင်းက
ဒီပါ လို့ မပြော ရင်
ဒေါ်ကြီး တို့က မင်း မှန်း ကို
သိမှာ မဟုတ် ဘူး "

  သာထူး မေမေ စကားကြောင့် ဒီပါ ပြုံးမိ ရသည်။ ဒီ ပုံစံ
ရဖို့ သူ ဘယ်လောက် ကြိုးစား ခဲ့ရလဲ ဆိုတာတော့ သူ မပြော ပြ ဖြစ် လိုက်ပေ။

" ထိုင် ဟေ့ကောင် "

" ဒေါ်ပြား ရေ  ကော်ဖီနောက်တစ်ခွက်
ယူ လာ ပါ ဦး "

  ကော်ဖီ သောက် ရင်း ရှေးဟောင်း နှောင်း ဖြစ်တွေ ပြော
ဖြစ် ကြ သည်။

" မင်း မသိသေး ဘူး
ထင် က မင်း ထွက်သွား တုန်းက
စိတ်တွေ တအား ဆိုးတာ
လူ လိမ် လူညာ ဆိုပြီး
ပြော နေတာ တစ်နေ့လုံး နီးပါး ပဲ "

" ဟုတ် လား "

" အေး
မင်း ခြံစောင့်ကြီး ဦးမောင် ကို
သိတယ် မဟုတ် လား
အဲ့နေ့က ဦးမောင်ခမျာ
ထင် သောင်းကျန်း လို့
မျက်နှာကို ဇီးစေ့ လောက်ပဲ
ကျန်တော့တာ "

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Dove le storie prendono vita. Scoprilo ora