Ep_17

453 27 4
                                    

[Zawgi]

   ဂျူလိုင် ၁၆

   ဒီနေ့က ထင့်ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့ ဖြစ် သည်။သူ
ဘေး တိုက် မြင်နေ ရသည့် ထင့်စားပွဲ ဆီ အသာ ထ သွား
ကာ အံဆွဲထဲ ပါဆယ်ထုပ်လေး ထည့် ပေး ထား ခဲ့ သည်။
ထင် သူ့လက်ဆောင်ကို သဘောကျ လောက် မှာပါ။သူ့ လက် ဆောင်ကို ထင်မြင် ရင် ဖြစ် သွား မည့် မျက်နှာ ကို သူ
မြင်ချင် လွန်း လှ သည်။အေးစက်စက် ဖြစ်နေတတ်သည့် ထင့် မျက်နှာပေါ်က အပြုံးလေးရေးရေး ထင် ရုံလေး ဆိုလည်း သူ ကျေနပ်သည်။သူ ထင့် ကို ဒီ့ထက် ဒီထက်
ပိုပြီး ပျော်ရွှင်စေချင် သည်။
   ထင့် အလုပ်က လုံခြုံရေး ရာထူး ဖြစ်ပေမယ့် ဒီပါ အခန်း
ထဲ စားပွဲရှိတဲ့ တစ်ဦးတည်းသော လူ ဖြစ် သည်။ ဒီပါ အတွက် ဒါက မထူးဆန်းပေမယ့် ထင့်အတွက်မူ အနည်း
ငယ် မသက်မသာ ဖြစ်သလို ခံစား ရသည်။ ထို့ ကြောင့်
များ သော အား ဖြင့် ထင်က အခန်း ထဲ ကနေ
ရှောင်ထွက် ကာ no_1 တို့ နှင့် အချိန် သွား ဖြုန်း တတ် သည်။ ဒီပါက အချိန်ပြည့်နီးပါး အပြင် ထွက် တတ်ပေမယ့်
ဒီနေ့လို Schedule မကျပ်တဲ့ နေ့မျိုး လည်း ရှိတတ် သည်။ထင် တို့က တရားဝင်တွဲ နေပြီ မို့ အခါတိုင်းထက်
ထင်က ပိုပြီး သတိထား နေမိသည်။ အမှန်ပြော ရ ရင်
ထင်တို့ အကြောင်း သူများတွေ သိမှာ ထင် သဘော မကျ
ပေ။ လူ နှစ်ယောက် ချစ်ကြသည့် အရေး မှာ  တစ်ခြား လူ
တစ်ယောက်က သိနေတာ မျိုး က ထင့်ကို အမှန် တကယ်
မအီမသာ ဖြစ်စေသည်။ထင်တို့ အကြောင်း ကို သိုဝှက်
ထား ဖို့ ထင် တောင်းဆို တဲ့နေ့က ဒီပါ မျက်နှာ သိသိသာသာ
ပျက်ယွင်းသွား မှန်း ထင် သိသည်။ သို့သော်လည်း ထင့်
သဘော အတိုင်း ဒီပါ ခေါင်းညိတ် ပေး ခဲ့ သည်။ ဒီပါ က
ထင့် စကား နားထောင်တတ် သည့် အချိန် မျိုး လည်း ရှိလာ
ခဲ့ပြီ ပဲ။ ထင် ကော်ဖီ ဖျော်ကာ ဒီပါ့ စားပွဲ ပေါ်ယူ သွား ပေး
သည်။ ပုံမှန်ဆို ဒီပါ့ ရဲ့ ဝေရာဝစ္စ အဝ ဝ ကို မသန္တာက
တာဝန် ယူပေးတာ ဖြစ်ပေမယ့် ထင်က ကော်ဖီဖျော်လက်စနဲ့
ဒီပါ့ အတွက်ပါ တစ်ခါတည်း ဖျော်ပေးခဲ့ ခြင်း ဖြစ် သည်။
ထင် စားပွဲ ထိုင် လိုက်သည့် အချိန် အနည်းငယ် ဟ နေ သည့် အံဆွဲ ကို သတိထား မိသည်။ ထင် က အံဆွဲ ကိုဖွင့်ပြီး
စနစ်တကျ ပြန် ပိတ် တတ် သူ ဖြစ် သည်။ အံဆွဲ က ဘာလို့
ဟ နေရတာ လဲ။ ထင် သေချာ မပိတ်မိတာ လား။ ထင်
နောက်ရက် အတွက် အချိန်စာရင်းတွေ ပြန်စစ်ဖို့ ရှိသည့် အ
တွက် အံဆွဲကိစ္စ ကို အရမ်းကြီး အလေး မထား မိ။ အစွန်း
အနည်းငယ် ထွက်နေသည့် အံဆွဲ ကို အတွင်း ဘက် အသာ
တွန်း ကာ စားပွဲပေါ်က စာရွက်တွေပေါ် အာ ရုံ ရောက် သွား
ခဲ့ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now