Ep_24 [ Finale ] edited

1.6K 50 7
                                    

[ Zawgi ]

မိုး မျှော် အထပ်မြင့် ရဲ့ သီးသန့် အခန်း ထဲ မှာ မိန်းမ
ငယ်လေး တစ်ယောက် ဟာ အဝေး ကို ငေး ကာမိန်းမော နေ လေ သည်။ ခင်းများ သာ အာရုံစိုက်ပြီး ကြည့်မယ် ဆို
မိန်းမငယ်လေး ရဲ့ မျက်လုံး တွေ က လှုပ်ရှား မှု ကင်း မဲ့
နေတာ မြင် ရပါလိမ့် မယ်။
မှန် ပါတယ်။ ကား မတော်တဆ မှု ကြောင့် ဖူး မျက်လုံး
တွေ ခိုက်မိပြီး ကွယ် သွား ခဲ့ ရသည်။ ဖူး ရဲ့ မိုက်ရူး ရဲ ဆန်
မှုကြောင့် ဖူး ချစ် ရတဲ့သူက ဆေးရုံပေါ် ရက်ပေါင်းများစွာ
ကိုမာ ဝင် သွား ခဲ့ ရသည်။ဒါက နတ်ဘုရား တွေ က ဖူး
ရဲ့ မိုက်ရူး ရဲ ဆန်မှု အပေါ် ဒဏ်ခတ် ခြင်း ဖြစ် လိမ့်မည်။

" Miss. ဆေးသောက်ရမယ့် အချိန် ရောက်ပါပြီ "

ဂျော်ဒန်က ကပြားမို့ ဗမာ စကား ကို ရေရေလည်လည် ပြော တတ်ပေမယ့် မပီကလာ ပီကလာ အသံ ပေါက် ဆဲ
ဖြစ် သည်။ ပြီး တော့ သူ က ဖူး ရဲ့ ပင်တိုင် စိတ်ကျန်းမာ
ရေး ဆရာဝန်  ဖြစ် ပြီး လက်ရှိ ဖူး ကို စောင့် ရှောက်ဖို့
တာ ဝန် ယူ ထား ရသူလည်း  ဖြစ် သည်။  ဂျော်ဒန် ရဲ့
အသက်မွေးဝမ်းကြောင်းပညာ ကြောင့် လား သူ့ ရဲ့ နဂို
သြရှရှ အသံ ကြောင့် လား ဖူး မသိပေမယ့် ဂျော်ဒန် ရဲ့
အသံ က ဖူး အတွက် ကိုကို ပြီး ရင် ဒုတိယ မြောက်
နားထောင် အကောင်း ဆုံး အသံ ဖြစ် သည်။ ဖေဖေ့ အသံက
ဖူး အတွက် နံပါတ် ၁ ဆို ကိုကို နဲ့ ဂျော်ဒန် က နံပါတ် ၂
နဲ့ နံပါတ် ၃ ဖြစ် လိမ့် မည်။

  ယောက်ျား သုံးယောက် ရဲ့ အသံကို အဆင့် တွေ သတ်မှတ်မိ နေ သည့် ဖူး တစ်ယောက်  ကိုယ့် အတွေး နဲ့ ကိုယ် သဘော ကျ ကာ ခစ်ခနဲ ရယ် လိုက်မိသည်။ ဖူး
ဒီလို မရယ် ဖြစ်တာ ဘယ်လောက်ကြာပြီ လဲ ။ နှစ်ဝက်လား
ဒါ မှမဟုတ် တစ် နှစ် လား ။

" အချိန် တွေ ကုန်တာ မြန် လိုက်တာ "

🐻

ဒီပါ ဆေးရုံ ဆင်းပြီး ၂ လ အကြာ ~~

သူ ထင့် ကို လက်ထပ် ခွင့် ရခဲ့ သည်။ ကမ္ဘာ မှာ သူ
တန်ဖိုး အထား ရဆုံး ၊ သူ အမြတ် နိုး ရဆုံး လူသား လေး
ကို သူ ပိုင်ဆိုင်ခွင့် ရခဲ့ ပြီ။
   ဒီပါတို့ လက်ထပ် ပွဲက အောင်အောင်မြင်မြင် ပဲ ပြီးစီး
သွား ခဲ့ သည်။ ညနေ ဘက် ဒင်နာ ပါ ဆက်လုပ်လိုက်သည်
မို့ ထင့်ပုံစံကသိသိသာသာ ပင်နွမ်းလျ နေသည့် အတွက်
အနားယူဖို့ အပေါ်ထပ် ကိုပြန် လွှတ် လိုက်တာ ဖြစ်သည်။
  ဒင်နာက ပြီးသွား ပေမယ့်  အောင်ပွဲခံနေသည့် သူငယ်ချင်း တွေ ကောင်းမှုကြောင့်  ဒီပါ နည်းနည်းထွေ  နေ လေ ပြီ။
အိမ် ဘက် မကြာခဏ မျက်စိ ရောက်နေသည့် ဒီပါ ကို ညစ်
ချင်နေကြ တာ အသိသာကြီး။ နောက် ဆုံး မင်းဇင်ပါ ဝိုင်း
တောင်းပန် မှ ဒီပါ တစ်ယောက် သူငယ်ချင်း တွေကြား ထဲ က ထွက် လာ ခွင့် ရတော့ သည်။

🎉 You've finished reading အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ] 🎉
အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now