Ep_11

515 40 5
                                    

{Zawgi}

" ဒီပါ ငါ ခွင့် တင်လို့ ရမလား "

ဒီပါ့ ကို အကျီ င်္ ကူ ဝတ်ရင်း ထင် မေး မိ သည်။ ထင်
လည်း အခုလို ချိန် မှာ ခွင့် မတင်ချင်ပါဘူး။ ဒါပေမယ့်
ထင် သာ မသွား ဘူး ဆို ဖေဖေ့ အတွက် ဒါက နည်းနည်း မတရား ရာ ကျ လိမ့်မည်။

" ဘာ ဖြစ် လို့ လဲ
မဖြစ် မနေ သွား ရမယ့် ကိစ္စ လား "

" အင်း လာမယ့် အပတ်မှာ
ဖေဖေ့ နှစ်ပတ် လည် ရှိ တယ်
ငါ ပြန် ချင် လို့ "

" နှစ်ပတ်လည် !!

ဒီပါ သူ့ဘေး မှာ ငြိမ်ငြိမ် လေး ရပ်နေသည့် ထင့် ကို
လှမ်း ကြည့် မိသည်။ ခပ် ဖွ ဖွ ဆုပ်ထား တဲ့ ထင့် လက်သီး
တွေ အနည်းငယ် တုန်နေတာ လည်း ဒီပါ တွေ့ သည်။
ထင် က စိတ်လှုပ်ရှား နေတာပဲ။

" တစ်ယောက်တည်း သွား မှာ လား "

" အင်း "

" ကိုယ် ..
ကိုယ် လည်း လိုက်ခဲ့လို့ ရ မလား "

ဒီပါက ဘာလို့ လိုက်ချင် ရတာ လဲ။ သူ့ ကို မော့ကြည့်
လာသည့် ထင် မျက်ဝန်းတွေ မှာ မေးခွန်း တွေ ကပ်ပါ လာ
တာ သူ တွေ့ သည်။ဒါ ပေမယ့် ထင် က ဘာ ကြောင့်လဲ
ဆို တာ မ မေး ခဲ့ဘူး။

" ထင်
ကိုယ့်ကို ခွင့်ပြု မလား "

" ကိုယ် ထင့် ကို တစ်ယောက်တည်း
လွတ် လိုက် ရမှာ စိတ်မချ ဘူး "

ထင်က တစ်ယောက်တည်း နေလာ တဲ့သူ ပါ။ စိတ် မချစရာ အကြောင်း မရှိပါဘူး။

" ထင့် မြို့ ထင် ပြန် တာလေ
စိတ်မချ ဖြစ်စရာ မလို ပါဘူး "

" ကိုယ့် အတွက်လို တယ် ထင် "

   ဒီပါ  ထင့် ကို တစ်ယောက်တည်း မလွတ် ချင်တာ
အမှန် ပင်။သူ ထင့် ကို အချိန်အကြာ ကြီး ခွဲ ခဲ့ ရပြီး ပြီ။
နောက်ထပ် ရက် နည်း နည်းလေးတောင် ထပ် မခွဲ ချင်
တော့ ဘူး။ သူ တကယ် လရောင်ထင် ဆိုတဲ့ ဒီကောင်မ
လေး ကို ထုပ်ပိုး ပြီး သူ့ အိတ်ကပ် ထဲ  ထည့်သိမ်း ထား
ချင်သည်။ ဒါမှ ထင် တစ်ယောက် သူ့အနား ကနေ ဘယ်ကို
မှ ထွက်မသွား နိုင်တော့ မှာ ဖြစ်သည်။

ထင် ဒီပါ နှင့် စကား မများ ချင်ဘူး။ ဒီပါ က ဟို တုန်းကလို
ထင့် ပြောစကား နားထောင်တတ် တဲ့ ကောင်လေး မဟုတ်
တော့ဘူး။ ထင် ခွင့် တောင်း ပြီးပြီမို့ အထုပ် အပိုး ပြင်ဖို့
ထင့် အခန်း ထဲ သာ ပြန် လာ ခဲ့ တော့ သည်။

အချစ် အတွက် စံချိန် စံညွှန်းများ // အချစ် အတွက် စံချိန် စံညွှန်းမျာ [ Completed ]Where stories live. Discover now