Episode 1(ရှိုင်းစက်ချီ)

1.9K 44 2
                                    

⏰တီတီတီတီ ⏰

တက္ကသိုလ်ဝန်းအတွင်းရှိကျောင်းသားဆောင်တစ်ခု၏ အခန်းနံပါတ် ၅၁ တွင် မနက်ခင်း၏နိုးစက်သံဖြင့် နေ့တစ်နေ့ကိုစတင်ကြိုစိုလိုက်သည်။အခန်းငယ်ထဲရှိကုတင်‌ပေါ်တွင်နှစ်ချိုက်စွာအိပ်ပျော်နေသောကောင်ကလေးတစ်ယောက်ရှိသည်။ နှိုးစက်သံကြောင့် လူးလွင့်လာပြီး စာပွဲပေါ်ရှိဖုန်းနှိုးစက်ကို အိပ်ချင်မှူးတူးဖြင့်လှမ်းကြည့်သည်။

*6:15 ရသေးတယ်*

ထို့နောက်နှိုးးစက်ပိတ်ပြီးဆက်အိပ်သည်။

⏰တူတူတူ⏰

ဒုတိယမြောက်က်နိုးစက်သံဖြစ်ပြီး 7:15 am ရှိပြီဖြစ်သည်။ကောင်ကလေးက နှိုးစက်ကိုလှမ်းပိတ်ပြီးနောက်ဖင်ဘူးထောင်အရင်ထောင်လာသည်။သို့‌သော်ခေါင်းကမပါ။ထိုပုံစံဖြင့်နောက်ထပ်15မိနစ်လောက်ထပ်အိပ်ပျော်သွားပြန်သည်။

⏰တိန်တိန်တိန်⏰

တတိယမြောက်နှိုးစက်သံဖြစ်သည်။ဖင်ဘူး‌ တောင်းထောင်၍အိပ်‌ပျော်နေသော ကောင်ကလေးမှာလန့်‌နိုးလာပြီးနာရီကိုလှမ်းကြည့်သည်။8:15 ဖြစ်နေပြီဖြစ်သည်။ထိုအခါမှကုန်းရုန်းထ၍စပြီးပြင်ဆင်တော့သည်။ကျောင်းတတ်ချိန်မှာ9နာရီမှဖြစ်သော်လည်းအိမ်သာထဲတွင်1နာရီလောက်ထိုင်ပြီးဆက်ငိုက်တတ်‌သောသူဖြစ်တာကြောင့်အတန်းချိန်ကိုအနည်းဆုံး15မိနစ်လောက်ပုံမှန်နောက်ကျနေကြတတ်သည်။ဤကဲ့သို့ကောင်ကလေး၏မနက်ခင်းမှာနိုးစက်သံပေါင်းစုံပရုတ်သုတ်ခဖြင့်စတင်ခဲ့ပြီဖြစ်သည်။

‌"Hello 🤗 မင်္ဂလာပါဗျာ  မိတ်ဆက်ပါရစေ ကျွန်တော်ကတော့ ရှိုင်းစက်ချီ ဖြစ်ပါတယ်။
ကျွန်တော့်သူငယ်ချင်းတွေကတော့တောက်ပ လို့ခေါ်ကြတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်ကကိုယ်ရောင်ကိုယ်ဝါတွေထွက်နေလို့လေ။

တစ်ချိန်လုံးတောက်ပနေတော့ ကျန်တဲ့သူတွေက ကျွန်တော်နဲ့ ယှဉ်ရင် အရောင်မှိန်သွားကြတယ်ထင်တယ် ကျွန်တော်ပဲ ထင်းနေအောင် အမြင်ခံရတယ်လေ။
ဟုတ်တယ်...ကျွန်‌တော်အမှန် ပြောတာပါဗျ ကျွန်တော်ကမလိမ်တတ်ဘူး ။
ဘာလို့ဆို စာသင်ခန်းထဲရောက်လို့ စာမေးရင် ဆရာမတွေက ကျွန့်တော့်ကိုပဲထိပ်ဆုံးကမြင်ကြတာ။အဲ့ဒါ ကျွန်တော်တောက်ပနေလို့မဟုတ်ဘူးလား?

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now