Episode 25 ( တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည်)

82 5 0
                                    

"သူငယ်ချင်း...

သူငယ်ချင်း...

သူငယ်ချင်း...ဟူးးးးးး

ချီချီ မင်းနဲ့သူငယ်ချင်းလုပ်ရတာ ခက်လိုက်တာ

ဒါပေမယ့် ကိုယ်တို့အတွက် သူငယ်ချင်းဆိုတဲ့ နာမ်စားက အကောင်းဆုံးဆိုတာကိုသိတယ်"

>>>>>>>>

ထိုနေ့ညကရှိုင်းစက်ချီ ည၁၂ကျော်မှအခန်းသို့ပြန်လာခဲ့သည်။အခန်းတစ်ခုလုံးမှောင်မဲနေတာကြောင့်အခန်းပေါက်ဝက မီးခလုတ်ကို အသံမမြည်အောင် အသာလေးဖွင့်လိုက်သည်။ထိုအချိန်တွင် သူ၏မျက်စိအရှေ့၌မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ခြေလှမ်းတို့တုန့်ဆိုင်းသွားရသည်။

စာပွဲခုံနားသို့ အသာလေးသွားရင် အိပ်ပျော်နေသူကို ငုံ့ကြည့်မိသည်။ရှည်လျားကော့်ညွှတ်သည့်မျက်တောင်မွှေးလေးတွေကမက်မွန်မျက်လုံးလေးများကို လှပစွာဖုံးကွယ်ထားကြသည်။ပန်းနု‌ရောင်နှုတ်ခမ်းပါးတို့ကလည်း အနည်းဖွင့်ဟနေကြသည်။ တိတ်ဆိတ်နေသည့်အခန်းလေးထဲတွင် လှိုင်းကလေး၏ အသက်ရှူသံတို့က စည်းချက်ကျလျက်ပင်ရှိသည်။ ငယ်ရွယ်လှပသော‌ကောင်ငယ်‌လေးတစ်ယောက်၏အိပ်ပျော်နေသောမြင်ကွင်းမှာ မြင်ရသူအဖို့ရင်ထဲအေးချမ်းစေသည်။

ရှိုင်းစက်ချီ တစ်ယောက် သက်ပျင်းချလျက် မျက်ဝန်းတို့က လှိုင်းကလေး၏ မျက်နှာပေါ်၌သာကျောက်ချနေတော့သည်။သို့သော် အတွေးတို့မှာတော့ ကယက်ထလျက်ပင်။

*လှိုင်းဆိုတဲ့အရာက တိတ်ဆိတ်ငြိမ်သက်နေသ၍ ပင်လယ်ပြင်ကြီးကလည်း ငြိမ်သက်ပြီးအေးချမ်းနေတယ်...*

*ဒါပေမယ့်...သူနဲ့ထိပ်တိုက်တွေ့ဆုံပြီဆိုရင်တော့ ပင်လယ်ပြင်ကြီးတစ်ခုလုံးကို ထိန်းမနိုင်အောင် လှိုင်းဘောင်ဘင်ဝေစေတယ်...*

*မင်းလဲ အဲ့ဒီတိုင်းပဲ ဇီလှိုင်း....
မင်းမျက်ဝန်းနဲ့ဆုံလိုက်တိုင်း ငါ့ရင်ဘက်တစ်ခုလုံးကို ထိန်းချုပ်မရအောင် ကယက်ထစေတယ်...
ဒါပေမဲ့ မင်းကပိုဆိုးတယ်သိလား...ခုလိုလေးအိပ်ပျော်နေတဲ့မင်းရဲ့ပုံရိပ်ကတောင် ငါ့နှလုံးသားကို တသိမ့်သိမ့်လှုပ်ခါစေနိုင်တယ်...
မင်းဟာသိပ်ကိုကြောက်ဖို့ကောင်းတယ်...လှိုင်းငယ်...*

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now