Episode 11(မေမေက ငါ့ကိုမုန်းခွင့်မပြုထားဘူး)

116 15 0
                                    

"တီတီတီ......လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်...."

Voice massage " အဖေ ခများ ဘယ်ချိန် ရောက်မှာလဲ အမေ့ အတွက် ခွဲစိတ်ဖို့ အလျင်လိုနေပြီ  အမြန်ရောက်အောင်လာခဲ့တော့ "

ဇီလှိုင်း ဆေးရုံကော်ရေတာ မှာ သူ၏အဖေကိုဖုန်းခေါ်၍ မရသောကြောင့် စိတ်တိုနေပြီ ဖြစ်သည်။Voice massageပို့ပြီး နောက် ဆေးရုံအခန်းထဲသို့ပြန်လာခဲ့သည်။

ဒေါ်မေသက်ထားက သူ့သား လေး၏ တင်းမာနေသောမျက်နှာကိုမြင်သောအခါ

"သားသား မေမေ့ လှိုင်းလေး

မေမေ အဆင်ပြေနေပါတယ်

နာလည်းမနာ‌ တော့ဘူး သက်သာနေပြီ ခွဲစိတ်ဖို့က အရင်မလိုလဲရပါတယ်

သားဖေဖေ လည်း ပြန်ရောက်တော့မှာပါ အရမ်းကြီးမစိုးရိမ်နေပါနဲ့  အားလုံးအဆင်ပြေသွားမှာပါ "

အဆင်ပြေနေပါတယ်ဟုပြောနေသော ဒေါမေသက်ထား မှာ လက်တွင် ဆေးပိုက်ကြီးငယ်နှင့်ဆီးပိုက်လည်းတပ်ထားရကာ ဆီးအိတ်တန်းလန်းနှင့်ပင်။
ခြေထောက်များမှာလည်း လမ်းမလျှောက်နိုင် မလှုပ်ရှားနိုင်တော့သောကြောင့် သေးသိမ်စပြုနေပြီ ဖြစ်သည်။

ဆေးရုံ စတတ်ကတည်းက သွေးစစ်ဖို့ ဆိုပြီး ထုတ်လိုက်ရတဲ့သွေးဆိုတာကလည်းတစ်ပုလင်းပြီးတစ်ပုလင်း။
အထုတ်ပဲ ရှိသည် အသွင်းမရှိ ။လူလည်းတစ်စတစ်စ ပို၍ပိန်လာသည်။

" ‌အဖေ က ခုထက်ထိ ဖုန်းမကိုင်သေးဘူး "

"‌ဖေဖေက မအားသေးလို့နေမှာပါသားရဲ့ သူသိရင်မြန်မြန်ပြန်လာပါလိမ့်မယ် "

"သား ဖေဖေ့ကို စိတ်မဆိုးရဘူးနော် "

"သားဖေဖေ လည်းပြန်လာနေချင်ရှာမှာပါ

သူ့မှာလည်း သူ့အခက်အခဲ နဲ့သူရှိနေလို့ ကြာနေတာနေမှာ

စိတ်ဆိုးလို့မရဘူးနော် သားသား "

ဇီလှိုင်း သူ့မေမေ ကိုသေချာကြည့်လိုက်သည်။ ပြောနေသူ မေမေကိုယ်တိုင်မှာလည်း မျက်လုံးတို့မှာ တွေးဆဆ

*မေမေ လိမ်နေတာ ဖေဖေ.ကို စိတ်မဆိုးစေချင်တာနဲ့*

* မေမေကိုယ်တိုင်လည်း ဖေဖေ မရောက်လာမှာကို ကြောက်နေတယ်*

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now