Episode 16 ( ငါက Straight စစ်စစ်ကွ)

111 15 0
                                    

ရှိုင်းစက်ချီတို့အိမ်က ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသောကြောင့် ညနေ3နာရီ‌ေလာက်တွင် သူတို့အဖွဲ့ မြစ်ရေချိုးရန်ပြင်ဆင်ကြသည်။

အိမ်နဲ့နီးသော ရေချိုးဆိပ် သုံးခုရှိသည်။

မုန့်တီဖိုဆိပ်၊ ဦးပိန်တံတားဆိပ် ၊ လက်ညိုးထိုးဆိပ် ဟူ၍ရွေးစရာသုံးခုရှိသည်။

အိမ်နှင့်အနီးဆုံးမှာ မုန့်တီဖိုဆိပ် ဖြစ်သော်လည်း နှုန်းမြေများသောကြောင့် ရေချိုးလျှင်ဗွက်ထသည်။ထို့ကြောင့်အဆင်မပြေ။

ဦးပိန်ဆိပ် မှာ ဗွက်မထ‌ ၊တံတားပေါ်ကနေ ‌၍ရေချိုးရန် သန့်ရှင်းအဆင်ပြေသည်။

ထိုသို့အဆင်ပြေသောကြောင့် လူကြိုက်များသည်။

သို့သော် လူများပြီးနေရာကျဉ်းတာကြောင့် ရှိုင်းစက်ချီ တို့လို ကမြင်းပြီးဆော့မယ့်အဖွဲ့အတွက်အဆင်မပြေ။

ထို့ကြောင့် လက်ညိုးထိုးဆိပ်ကို ရွေးလိုက်ကြသည်။

နေရာကျယ်ပြီး ကျောက်တုန်းကျောက်ခဲတွေကြီးပဲမို့ ဗွက်မထ

ကမ်းမှာပြေပြေလေးဆင်းသွားသည်မို့ ချိုင့်ဝမ်း ချိုင့်ခွက်မရှိ ရေအတိမ်အနက်လည်း အဆင်ပြေသည်။

ရှေးယခင်ကထိုဆိပ်ကမ်း၏ကုန်းထိပ်ပေါ်တွင် စေတီတစ်ဆူနှင့် တစ်ဖက်ကမ်းကို လက်ညိုးထိုးပြနေသော ရသေ့တစ်ပါး အရုပ်ရှိခဲ့ဖူးသည်။

ယခုအခါတွင်အုတ်ပုံမျှသာကျန်တော့သည်။

ထိုရသေ့ကို အဆွဲပြု၍ လက်ညိုးထိုးဆိပ်ဟုခေါ်ကြခြင်းဖြစ်သည်။

တစ်ဖက်ကမ်းရှိ ရွာများကိုလည်းလှမ်းမြင်နေရသည်။

အထူးသဖြင့် မောင်နှမ တောင်ကြီးကိုမြင်ရသည်။

"ဝိုးးးးးးးးးးးလှလိုက်တာ ကျောက်ခဲတွေကိုအများကြီးပဲ

ရှုခင်းကလည်းရှယ်ပဲ မိုက်တယ် ဟဲ့ယောင်"

နေမင်းက ဝမ်းသာအားရ ပြေးလွားအော်ဟစ်ပြီးပြောသည်။

"အဲ့ဒါ ဘာတောင်လဲ "

ကင်းပုကမေးတော့
ရှိုင်းစက်ချီ ‌ဖြေဖို့ ပါးစပ် ဟ ရုံလေးရှိသေးတယ် နွေဦးက

လှိုင်းကလေးကိုပွေ့ချီမယ်जहाँ कहानियाँ रहती हैं। अभी खोजें