Episode 17(ငါ မင်းကိုမချစ်ဘူး မင်းကိုရွံတယ်)

113 12 0
                                    

ည ၁၁:၄၉

'ဟင်းးးး ဟင်းးးးအင်းးးးအစ်းးးးးးးးးဟင့်'

ဘေးနားက အသံကြောင့် ရှိုင်းစက်ချီ နိုးလာခဲ့သည်။

ထိုအသံသည်ကား သူ၏ဘေးတွင် အိပ်ပျော်နေသော ဇီလှိုင်းသစ် ထံမှ ထွက်လာခြင်းဖြစ်သည်။

ရှိုင်းစက်ချီ အလန့်တကြား ကြည့်လိုက်တော့

ဇီလှိုင်းသစ်မှာ ချွေးများစိုရွှဲကာ

အသံရှုသံများအလွန်ပြင်းထန်နေသည်။

နာကျင်လွန်း၍လား မျက်မှောင်ကျုံ့ကာ

နဖူးကြောများတင်းနေပြီး

နှုတ်မှလည်း ကယောင်ကတမ်းများ ငြီးညူနေသည်။

____________________________________

ရေပြင်ကျယ်ကြီး အလယ်  သဲသောင်ငယ်လေးတစ်ခု

ခြေလှမ်း ငါးလှမ်းစာလောက်သာအကျယ်ရှိသည်။

အလင်းရောင်ဟူသည် ဗလာနတ္ထိ ။

အဘယ်ကြောင့်ဒီနေရောကို ရောက်နေရသနည်း။

ဘေးပတ်ဝန်းကျင်ကို ဘာမျှ မမြင်ရ အမှောင်ထုသာကြီးစိုးနေသည်။

မမြင်ရပေမဲ့ ရေလယ်ခေါင်ရောက်နေသည်ဟု စိတ်ကအလိုလိုသိနေသည်။

ဇီလှိုင်းသစ် စိတ်ထဲတွင်တုန်လှုပ်ခြောက်ခြားနေသောကြောင့် အသက်ရှုသံများပြင်းထန်နေသည်။

ခဏအကြာ သူ့အရှေ့တွင် လူသုံးယောက်ရပ်နေသည်ကိုသိလိုက်သည်။

ထိုသူတို့ကား သူ၏မိဘနှစ်ပါးနှင့် သူ၏ငယ်သူငယ်ချင်း ရှိုင်းစက်ချီ ပင်ဖြစ်သည်။

သူ့ကိုပြုံးပြကာ ထိုသူတို့စီလာဖို့ လှမ်းခေါ်နေကြသည်။

ဇီလှိုင်း ပြုံး‌ ပျော်ကာ သူတို့စီသွားဖို့ ခြေလှမ်းပြင်လိုက်သော်လည်း

သူ၏ခြေထောက်များက သဲထဲနှစ်ဝင်နေပြီး လှုပ်ရှား၍မရပေ။

ကြိုးစားလှုပ်ရှားနေသော်လည်း မရ ချွေးများပင်စိုရွှဲနေလေပြီ။

ထိုစဉ် သူ၏မိခင် ၏မျက်နှာမှ အပြုံးများ ရပ်တန့်သွားပြီး

အငိုမျက်ဝန်းများဖြင့် ကြည့်ကာ

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now