Episode 15(မင်းရဲ့ ပျော်ရွှင်မှုက ငါမဟုတ်တာတော့ ဝမ်းနည်းမိတယ်)

127 14 0
                                    

"ပွားပွားရေ ပွားပွား ....တူးတူးချီ တို့ရောက်ပြီ"

"ဟေ ရောက်ကြပြီလား ဘယ်မလဲ"

"တိုးမှာ ချိုင်ကယ် နဲ့ တူးတူးချီ တို့ အငြားကြီးပဲ"

၃ နှစ်အရွယ် ကလေးမလေး က ဝရံတာ အိမ်ထိပ်မှ နေ၍ အိမ်နောက်ဖေးက ဖွားဖွားကိုလှမ်းခေါ်နေခြင်းဖြစ်သည်။

ဖွားဖွား ဆိုသည်မှာ အသက် ၅၆နှစ်အရွယ် ရှိုင်းစက်ချီ၏ မိခင် ဒေါ်မိုးငယ် ပင် ဖြစ်သည်။

၃နှစ်ကလေးကတော့ ရှိုင်းစက်ချီ၏ အကို ရှိုင်းထက်အောင် ၏သမီးလေး သံစဉ်ချို ပင်ဖြစ်သည်။

ကလေးမလေး က နာမည်နဲ့လိုက်အောင်ပင် အသံမှာ အင်မတန်..................
ပြဲလန် နေသည်။

စကားတတ်သလောက် စကားလည်းအရမ်းများသည်။

သံစဉ်လေးမှာအိမ်၏ ဆည်းလှည်းလေးပင်ဖြစ်သည်။

သို့သော် ရှိုင်းစက်ချီ မှာ သံစဉ် နှင့်မတည့်ပေ။

ရှိုင်းစက်ချီက

"ဟဲ့ယောင် မင်း ဘာသံစဉ်မှ မချိုဘူး အသံကဒီလောက်ပြဲလန်နေတာကို
ခုကစပြီး မင်း နာမည်က ပြဲလန် ပဲ"

"တူးတူး မီး နံမယ် က တဲလန် ဟုတ်တူး ခေါ်နဲ့"

"ခေါ်မှာပဲ ပြဲလန်"

"ခေါ်နဲ့လို့"

"ပြဲလန် ....ပြဲလန် ...ပြဲလန် ဟေ့ ပြဲလန်"

"ဗြဲ!!!!!!!! ပွားပွား!!!!!! တူးတူး တူဆိုးကြီး!!!!
ဟစ်...ဟစ်"

ထိုသို့ပင် မကြိုက်ဘူးဆိုလေ ခေါ်လေ

တစ်ခုခုဆိုလည်း ကလေးနဲ့ ပြိုင်လုရတာနဲ့ ရန်ဖြစ်ရတာနဲ့

မတည့်အတူနေ မမြင်ရင်ချောင်ကြည့် ကြောင်နဲ့ကြွက်ပင် ဖြစ်သည်။

__________________________________

ဘွန်းဘွန်းဘွန်းဘူးးးးးး

ရှိုင်းစက်ချီ တို့ ဆိုင်ကယ် များ အိမ်အောက်ထပ် သို့ ထိုးရပ်ကြသည်။

အိမ်က နှစ်ထပ် ခြေတံရှည်အိမ်ဖြစ်သည်။ လူနေသည်က အပေါ်ထပ်တွင်သာ နေ၍ အောက်ထပ်က ရှေ့ဘက် ခြမ်းကို နံရံ များ ဖွင့်ထားသည်။ နေ့လယ်နေ့ခင်း ကျ
လေ တဖြူးဖြူးတိုက်သော အောက်ထပ်မှာတာနေကြသည်။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now