Episode 14 (ချီချီ ငါဘာဖြစ်နေတာလဲ မစဉ်းစားတတ်တော့ဘူး)

119 15 1
                                    

"ခူးးးးးးးခလေားးးးးးး"😴😴😴😴😪

ရှိုင်းစက်ချီအိပ်ကောင်းတုန်းပင်

သို့သော်အချိန်အားဖြင့် 8:51
ရုတ်တရက်လန့်နိုးလာခဲ့သည်။

*ဟင် ငါဘာလို့ ဇီလှိုင်း အိပ်ယာပေါ်ရောက်နေတာလဲ*

အခန်းထဲကိုလိုက်ကြည့်တော့ ဇီလှိုင်း က မရှိ။

စာပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ 8:55

*OMG နောက်ကျပြီ နောက်ကျပြီ *

အဲ့သေနကုန်ထပြေးတော့သည်။

အတန်းချိန် အလယ် လောက်မှ ရှိုင်းစက်ချီ ဖရိုဖရဲ အမောတကောနှင့်ရောက်လာခဲ့သည်။

ရှိုင်းစက်ချီ အတန်းကိုရောက်တော့ ဇီလှိုင်း အတန်းထဲမှာ ရောက်‌နှင့်နေပြီဖြစ်သည်။

ရှိုင်းစက်ချီ စူပုတ် သွားကာ စကားပြောချင်ပေမယ့် ဆရာမ အတန်းဝင်နေပြီဖြစ်၍မရတော့။

အဲ့ဒါထက် ဇီလှိုင်းက သူ့ကို့ လှည့်တောင်မကြည့် ။

*ဘာလဲဟ ငါ့ကို စိတ်ဆိုးနေတာလား

ငါဘာလုပ်မိလို့လဲ

အာ...ငါသူ့ကိုမပြောဘဲ စင်ပေါ်လုပ်လိုက်တဲ့ ကိစ္စကြောင့်တင်းနေတာထင်တယ်*

အတန်းချိန်ပြီးတဲ့အထိ စကားမပြောဖြစ်ကြ။

"တောက်ပ ...တောက်ပ..."

နေမင်းကလှမ်းခေါ်သည်။ ရှိုင်းစက်ချီ အတွေး လွန်နေတာကြောင့်တော်ရုံနဲ့မကြား။

"ဟဲ့ယောင် တောက်ပ!"

"ဟမ်...ဘာလဲပြော"

"မင်းတို့ နှစ်ယောက်နာမည်ကြီးနေတယ်"

"ဟမ်"

"မနေ့ညက dinner  vedio တွေတတ်လာတယ်

ပန်းအလှလေးကဘယ်သူလဲဆိုပြီး‌ေမးထားတာအများကြီးပဲ

ငါတို့ ဇီလှိုင်းသစ်မှန်းကြိုသိထားတာ‌‌ တောင်ပြစ်မှားချင်စိတ် ပေါက်သွားတယ်"

"အွန်း ဟုတ်တယ် အရမ်းလှတာပဲ
အရမ်းလဲမိုက်တယ်"‌

နေမင်းအပြောကို ကင်းပုကလည်း ဝင်ပြောသည်။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now