Episode 3 (Candy)

257 23 0
                                    

"ဘာလဲမင်းက ငါ့ကိုမသိချင်ယောင်ဆောင်....."

ပေါက်ကွဲခါနီးခရမ်းချဉ်သီးလိုဖြစ်နေ‌ သော
ရှိုင်းစက်ချီ တစ်ယောက် ပါးစပ်ပိတ်ခံလိုက်ရသည်။

ရှိုင်းစက်ချီ  နီးကပ်လာသောစူးရှသည့်မျက်ဝန်းတစ်စုံနှင့် ပါးစပ်ထဲရောက်ရှိလာ‌သောအရာ‌ကြောင့် မကျယ်‌သောမျက်လုံးများပြူးကျယ်လာကြသည်။

*......ချိုလိုက်တာ......
မဟုတ်ပါဘူးဒီကောင်ငါ့ကို.........*

"မင်း....."

ဇီလှိုင်းသစ် ပေါက်ကွဲခါနီး Hamster 🐹ကောင်လေးလို ရန်တွေ့နေသည့် ချီချီ့ ပါးစပ်ထဲကို မက်မွန်သီးချိုချဉ်လေး ထည့်ပေးလိုက်ခြင်းဖြစ်သည်။

"ရှုး......ချီချီ...စိတ်လျော့....
ငါ မသိချင်ယောင်ဆောင်တာလဲမဟုတ်ဘူး။
မင်းက ငါ့အတွက် အရေးမပါတာလဲမဟုတ်ဘူး။
ငါ မင်းကိုအကုန်လုံးပြောပြမယ်။
အခုအရင်အချိုလေးစားပြီး စိတ်ကလေးငြိမ် အောင်ထား.....Ok"
တည်ငြိမ်တဲ့အသံဩဩလေးက ငို့တော့မယ့်ကလေးကိုချော့နေ သလိုပင်။ဇီလှိုင်းသစ်တစ်ယောက် ချီချီ့ခေါင်းလေးကိုပုတ်ပေးရင်း ပြောလိုက်သည်။ချီချီကလည်းခုနကသူမဟုတ်သည့်အတိုင်းငြိမ်ပြီးနားထောင်နေသည်။

____________________________________

တခြားအခန်းတွေဆူညံနေသလောက် အခန်း51 မှာတော့ .....

တိတ်ဆိတ်နေသောအခန်းထဲတွင် ကုတင်ကိုယ်စီ၌ မျက်နှာချင်းဆိုင်ထိုင်နေကြ‌ေသာကောင်ကလေးနှစ်ယောက်ရှိသည်။

ဇီလှိုင်းသစ် ချိုချဉ်ငုံပြီးငြိမ်သွားသော ချီချီကိုကြည့်ပြီး ငယ်ငယ်တုန်းက‌အကြောင်းကိုသတိရနေမိသည်။

*ကျွန်တော်တို့မူကြိုတုန်းက

ကျွန်တော့်ကိုအနိုင်ကျင့်တဲ့သူတွေကို ချီချီက ပြန်ရိုက်တတ်တယ်။
တစ်ခါ ကျွန်တော်တွန်းလဲခံရပြီးဒူးခေါင်းပေါက်သွားတုန်းက ဆိုရင် အဲ့ကောင်တွေကို ချီချီက လက်ထဲကိုင်ထားတဲ့ သူ့အကြိုက်ဆုံးပါဝါဒိန်းဂျားအရုပ်ကြီးနဲ့လိုက်ထုပစ်လို့ သူတို့ထဲကတစ်ယောက်က နဖူးပေါက်သွားသေးတယ်။
ဆရာမက ချီချီ့ကို ရိုက်တယ် ဒါမဲ့ ချီချီက မငိုဘူး။
ချီချီ့အကြိုက်ဆုံးအရုပ်ကြီးကျိုးသွားတာ တောင်  ချီချီ မငိုဘူး။
ဒါပေမယ့် ကျွန်တော့သွေးထွက်နေတဲ့ဒူးခေါင်းက ဒဏ်ရာကိုလည်း မြင်ရော
ချီချီ ‌အာဗြဲကြီးနဲ့ထငိုတယ်။
နာတဲ့ ကျွန်တော်က မငိုရဘူး၊ ချီချီကပဲကျွန်တော့်အစားငိုပေးနေတာ။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now