Episode 10(ငါမင်းနဲ့ပတ်သတ်ရင် ခံနိုင်ရည်မရှိဘူး)

126 17 0
                                    

ဇီလှိုင်းသစ် ရှိုင်းစက်ချီရဲ့ ကုတင်ပေါ်တတ်လာပြီး စောင်ကိုခေါင်းမြှီးခြုံပြီးအိပ်နေတဲ့ ရှိုင်းစက်ချီ အပေါ်အုပ်မိုးလိုက်သည်။

ထို့နောက် စောင်ကိုဆွဲခွာလိုက်ပြီး ရှိုင်းစက်ချီ၏အိပ် ပျော်နေသောမျက်နှာကို စူးစိုက်ကြည့်နေသည်။

ခဏအကြာ ရှိုင်းစက်ချီ မျက်လုံးတို့ပွင့်လာပြီး
သူ့ကိုအုပ်မိုးထားသော ဇီလှိုင်းသစ်ကိုမြင်လိုက်ရသောအခါ

သရဲတစေတွေ့တာထက်ပင်ပိုလန့်၍ သူထင်ချင်ရာတွေထင်မြင်ချင်ရာတွေမြင်ပြီးအသေသကုန်ထအော်လေတော့သည်။

ဇီလှိုင်းသစ်လည်းအလွန်ပင်လန့်သွားသည်။

*ငါဘာမှမလုပ်ရသေးဘူးလေ *။

*ဟမ် ငါကိုက်လည်းမကိုက်ရပါဘူး ဘာလို့...*

ချီချီ ၏မျက်ဝန်းထဲတွင် သူ့ကိုကြောက်နေသည့်အကြောက်တရားကိုမြင်လိုက်ရသည်။

*ချီချီ သူ့ကို ရွံရုံမက ကြောက်တောင်ကြောက်နေတယ်*

*ချီချီ သူ့ကိုကြောက်နေတယ် *

*သူ့ကို စကားလည်းမပြောတော့ဘူး
ကြည့်လည်းမကြည့်တော့ဘူး *

*သူ့ကိုမြင်ရင်လည်းထွက်ပြေးနေတယ်*

*ချီချီ ငါ့အနားမှာမနေချင်တော့ဘူး*

*ချီချီ ငါ့ကိုကြောက်နေတယ်*

ဇီလှိုင်းသစ် မျက်ရည်တို့တစ်စတစ်စဝိုင်းလာရသည်။

ရှိုင်းစက်ချီ တစ်ယောက် သူအိပ်ပျော်နေတုန်း

ဇီလှိုင်းကဗန်ပိုင်းယားလိုအစွယ်ကြီးထွက်လာပြီး မျက်ထောက်နီကြီးနဲ့ကြည့်ကာ

:မင်းငါ့ကို အဲ့လိုလုပ်တာ ငါလုံးဝမကျေနပ်ဘူး ငါမင်းကို‌ သွေးတွေကုန်ခမ်းသွားတဲ့အထိပြန်ကိုက်မှာ:

ဆိုပြီး အိမ်မက်ကောင်းကောင်းမက်နေခြင်းဖြစ်သည်။

သူနှိုးလာတော့ မျက်လုံးဖွင့်ဖွင့်ခြင်း စူးစိုက်ပြီးကြည့်နေတဲ့ဇီလှိုင်းသစ်မျက်နှာကြီးမြင်လိုက်ရတော့ အိမ်မက်ထဲက အတိုင်း သူအကိုက်ခံရတော့မယ်ထင်ပြီးအော်နေခြင်းဖြစ်သည်။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now