Episode 27(အနာဂတ်အတွက် ရည်မှန်းချက်)

85 2 1
                                    

"ကိုကို"

"ဟန်နီ!!! မင်းဘယ်လိုဒီရောက်နေတာလဲ"

"ကိုကို ဖုန်းဆက်တာဘာလို့မကိုင်တာလဲ..."

".........."

"ကိုကို...ဟန်နီတို့ စကားပြောရအောင်"

ဇီလှိုင်းသစ်က ခေါင်းငြိမ့်ပြီးနောက် ရှိုင်းစက်ချီဘက်လှည့်ကာ အရင်သွားနှင့်ရန်ပြောသည်။

"ချီချီ အရင်သွားနှင့်ပါလား...ကိုယ်လိုက်လာခဲ့မယ်"

"ဟင်~~အင်း~~~" ဟုပြန်ဖြေလိုက်သော်လည်း စိတ်တို့ကအမျှင်မပြတ် တစ်ရွေ့ရွေ့ဖြင့် ရွှေ့လာခဲ့ရသည်။

>>>>>>>

"ပြော"

"ကိုကို မို့အိုနေမကောင်းဘူး"

ဇီလှိုင်းသစ် မျက်မှောင်ကြုံ့မိသည်။

"အဲ့ဒီတော့"

ဇီလှိုင်းသစ်၏ ပြန်မေးသည့် မေးခွန်းကို ဟန်နီသော် စိတ်အလိုမကျသော်လည်း မအံ့ဩမိ။ သူမ စိတ်‌ရှည်လက်ရှည်ဖြင့်ပြန်ရှင်းပြသည်။

"မို့အိုက ကိုကို့ ကိုတွေ့ချင်နေတယ်...ကျန်းမာရေးမကောင်းတော့ပိုဆိုး...ဟန့်နီ့ကိုတစ်ချိန်လုံးပြောနေတာ...အဲ့ဒါ...ဒီတစ်ခါကျောင်းပိတ်ရင်တော့ ကိုကို တောင်ကြီးကိုပြန်လိုက်ခဲ့"

"ငါဆရာဝန်မဟုတ်ဘူး ဟန်နီ အဖွားနေမကောင်းရင် ဆရာဝန်သွားခေါ်...ငါ့ကိုခေါ်တော့ငါဘာလုပ်တတ်မှာမို့လို့လဲ"

"ကိုကို !!!!!"

"ဟန်နီ...ငါ့ကိုမဟုတ်တာတွေစကားပလ္လင်ခံမနေနဲ့...တကယ်ဖြစ်ချင်တာဘာလဲ"

"မို့အိုက‌ တောင်ကြီးမှာပြန်လာနေစေချင် နေတယ်...
ကိုကို့ ကို ကိုကို့အဖေနဲ့ ထည့်လိုက်ရတာကိုလည်း မို့အိုက စိတ်မချဘူး...
ပြီးတော့ ကိုကိုက မို့အိုကိုလည်းအဆက်အသွယ်မလုပ်တော့...ကိုကို့ ကို စိတ်ပူနေတာ...
အဲ့ဒါကြောင့် ဟန်နီ ဒီရောက်နေတာ..."

(မို့အို=အဖွား)

"ဘယ်တုန်းကတည်းကလည်း"

"ဟန်နီ... ဒီမှာကျောင်းတတ်နေတာ"

မမှိတ်မသုန်ရှုတည်တည်ဖြင့်ကြည့်နေသော အကို ဖြစ်သူကြောင့် ဟန်နီသော် သက်ပျင်းချမိသည်။ "အမှန်တိုင်းပြောရရင် လွိုင်ကော်မှာကတည်းက"

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now