Episode 8(လှိုင်းလေးက ကိုကြီးကိုမယုံတာလား)

150 16 0
                                    

ဆေးရုံ .......ကလေးလူနာဆောင်တွင်

"ချမ်းမြေ့ သားခန့် လေး ကဘယ်လိုနေလဲ"

"အွန်း သက်သာသွားပြီ ခုက ဆေးထိုးထားတော့ ဆေးအရှိုန်နဲ့ အိပ်ပျော်နေတာ"

"မင်း အမျိုးသမီးကကော "

"အိမ်ခဏ ပြန်ပြီး ရေသွားချိုးတယ်

ချို လည်း တစ်ညလုံးမအိပ်ရတော့ပင်ပန်းနေပြီ
သူ့ကိုသူလည်း အပြစ်တွေတင်နေတာ သားခန့်လေးက သူ့အသုံးမကျလို့‌ နေမကောင်းဖြစ်ရတာဆိုပြီး"

"အင်းးး အမေဆိုတော့လည်း...မင်း သေချာ နှစ်သိမ့်ပေးလိုက်ဦး။

စကားသေချာပြော ထော်လော်ကန့်လန့် မလုပ်နဲ့တိုရင်းလိုရှင်း‌ပြော။

မင်းက ပြောလိုက်ရင် ပြောချင်တာတခြား ပြောလိုက်တာကတစ်နေရာနဲ့။

ငါကတော်ကီကောင်းတဲ့ အမှောင် ကငါတို့ထဲမှာ မိန်းမအရင်ရမယ်ထင်ထားတာ

မင်းကဘယ်လို မိန်းမ အရင်ရသွားမှန်းတောင်မသိဘူး"

"ဟဲ့ယောင် တောက်ပ မင်းကလည်း င့ါကို ကြုံရင်ကြုံသလိုဖဲ့ဖို့ပဲ

ငါအဲ့လောက်အခြေအနေမဆိုးတော့ပါဘူး

ပြောချင်တာကိုတော့တည့်အောင်ပြောတတ်နေပါပြီ

ချိုကလည်း ငါ ပြောချင်တာကိုနားလည်ပါတယ် "

"ဘာလဲ ချို ကိုယ် အိပ်ချင်တယ် ပြောတော့

မင်းမိန်းမက*အော် ကိုအိပ်လေ ဆိုပြီး ဖင်ပုတ်ပြီးသိပ်ပေးတာကိုပြောတာလား*

ဟားဟားဟား"

အမှောင် က ဝင်ပြောတော့ အားလုံးက ဟားပွဲကျကုန်တော့သည်။

"ဟဲ့ယောင်တွေ တိတ်တိတ်နေစမ်း ငါ့သားနှိုး‌သွားမယ်

မင်းတို့ ငါ့ကိုလာကြည့်တာလား
ငါ့ကိုလာဖဲ့ကြတာလား"

" မင်းကိုလာကြည့်စရာလား ရွံစရာကြီး

ငါတို့က သားခန့်ခန့်ကို လာကြည့်တာ

အမလေး ငါတို့သားသားလေးသနားပါတယ်

အသားကနုနုလေးကို ဆေးတွေထိုးနေရတယ်"

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now