Episode 22 (2 × 0= 2)

69 8 0
                                    

အတန်းထဲတွင် အပူချိန်ကျဆင်း အအေးပိုနေသည့်အခြေအနေတွင်ရှိသည်။

ထိုအအေးဓာတ်များကိုထုတ်လွှတ်နေသူမှာ အပြုံးမရှိသောမျက်နှာသေဖြင့်ထိုင်နေသော ဇီလှိုင်းသစ် ပင်ဖြစ်သည်။

ခံစားချက်ကင်းမဲ့နေ‌‌သောမျက်နှာဟုပြောရလျှင်ပိုမှန်လိမ့်မည်။

အနောက်ကသုံးယောက်မှာလည်းအချင်းချင်း တို့ကာ သူမေးလိုက်ငါမေးလိုက်နှင့်တိုင်ပတ်နေကြသည်။

နောက်ဆုံး စိုင်းကိုကို က မနေနိုင်ပဲမေးလိုက်တော့သည်။

"ဇီလှိုင်းသစ် တောက်ပ ကဘယ်ရောက်နေတာတဲ့လဲ"

ဇီလှိုင်းနောက်သို့လှည့်ကာအေးစက်နေသောအသံဖြင့် တစ်လုံးချင်း ဖိပြောလျက်

"မ သိ ဘူး"

ပြောပြီးရှေ့သို့ပြန်လှည့်သွားလေသည်။

အနောက်က သုံးယောက်မှာမျက်လုံးအပြူးသားနှင့်ကြောင်အစွာဖြစ်နေကြ၏။

"ငါတို့ နွေဦးကိုဖုန်းဆက်တာပိုကောင်းမယ်ထင်တယ်"

____________________________________

ညနေအတန်းဆင်းတော့ စိုင်းက နွေဦးကိုဖုန်းလှမ်းဆက်လေသည်။

"ဟဲလို နွေဦး ငါတို့ပါ"

"အော်အေး သားကြီးတို့ပြော "

"တောက်ပ ဘယ်ရောက်နေတာလဲ မင်းသိလား"

"ဇီလှိုင်းသစ် မင်းတို့ကိုဘာမှမပြောဘူးလား"

"အေး မပြောဘူး ငါတို့မေးတော့လည်း

မသိဘူးတဲ့

တစ်နေကုန်ဘယ်သူနဲ့မှလဲစကားမပြောဘူး

တော်တော်ဒေါသထွက်နေတဲ့ပုံပဲ

ကြားထဲကငါတို့ကဘယ်သွားနေရမှန်းကိုမသိတော့ဘူး သူ့ကြောက်နေရတာနဲ့"

"ဪ.....အဲ့လိုဖြစ်နေတာလား ....

အေးလေ... ဇီလှိုင်းသစ် စိတ်တိုမယ်ဆိုလဲတိုစရာပဲကို ...

အဲ့ကောင်က ဆရာဘရမ်စိုင်းတို့အိမ်လိုက်သွားတာတဲ့"

"ဟမ်...ဆရာ ဘရမ်းစိုင်းတို့အိမ်ဆိုတော့ မြစ်ကြီးနား လိုက်သွားတာပေါ့ အဲ့‌သေနာ က"

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now