Episode 19 (သူ့ကို မင်းပိုင်လို့လား)

136 11 1
                                    

အိမ်ရှေ့ဝရံတာတွင် ဇီလှိုင်းသစ် ရပ်ပြီးမျက်လုံးများမှိတ်ကာအတွေးများနေသည်။

*သူ ဒီ ရွှေကူ မြေကို ခွဲရပြန်အုံးတော့မည်။

ဒီတစ်ခါ ခွဲပြီးရင် နောက်တစ်ချိန်ပြန်ရောက်နိုင်ပါအုံးမလား*

နေရာပေါင်းစုံသွားနေရတဲ့သူ့အတွက်ရောက်ရာအရပ် နေစရာ အိမ်များရှိသော်လည်း  အမှန်စင်စစ် မိသားစုအိမ်ဟူ‌သော ခံစားချက်တို့မရှိပေ။
သို့ပေမဲ့ သူ ဒီမြို့လေးကို သဘောကျမိသည်။
သူ့မိခင်နှင့် ရှိခဲ့ဖူးသောမြို့ကလေး။
သူ ၏ ငယ်ဘဝ အမှတ်တရများစွာရှိခဲ့ဖူးသောမြို့ကလေး။
သူ၏ ချစ်ရသောသူ ရှိသော မြို့ကလေး။
သူ ဒီမြို့ကလေးကနေ မိသားစုကဲ့သို့နွေထွေးမှုကိုခံစားရသည်။

သို့သော်.....

*ဒါတွေကလည်း သူ့အပိုင်မှမဟုတ်တာ...

အခုချိန် ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးနေပါစေ အချိန်တန်ရင် သူ့ဘဝထဲက ထွက်ခွာသွားကြမည့် သူစိမ်းတွေပဲမဟုတ်လား...

သူချစ်ရတဲ့ သူငယ်ချင်း ချီချီ...

တစ်ခြားသူတွေနဲ့ အတူတူရယ်မောပျော်ရွင်နေတဲ့ ချီချီ...

ကျွန်‌တော်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်နေတဲ့ ချီချီ...

ကျွန်တော် မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို ယုယကြင်နာစွာဆက်ဆံနေတဲ့ ချီချီ...

အဲ့ဒီ ချီချီကို ကျွန်တော် သဝန်တိုလိုက်တာလို့ ကောင်းကင်ကြီးကိုများပြောပြမိရင်...

ကောင်ကင်ကြီးကတောင်

! သူ့ကို မင်းပိုင်လို့လား !

လို့ လှောင် ရီလောက်မယ်ထင်၏*

သူ သည်လည်း ကျွန်တော် မပိုင်သော သူစိမ်းတစ်ယောက်ပင် *

____________________________

ကျွန်တော်အတွေးများတုန်း ဆူညံသံများကြားလိုက်ရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
အရှေ့အိမ်တွင် ကလေးတစ်စု ငြင်းခုန်နေကြသည်။
ကလေး ဆိုတာထက် ၇တန်း ၈တန်း အရွယ် လူပျိုပေါက် အပျိုပေါက်အရွယ်လေးများပင်ဖြစ်သည်။
ထိုအုပ်စုတွင်တစ်ယောက်တည်းပါသော ကောင်ကလေး ကို ကောင်မလေး ငါးယောက်က ဝိုင်း၍ တစ်ခုခုကို တွန်းအားပေးနေဟန်တူ၏။
ခဏကြာတော့ ထိုကောင်ကလေးက အထုပ်ကလေးတစ်ခုကို ကိုင်၍ ကျွန်တော်တို့ ခြံဝင်းထဲသို့ရောက်လာပြီး ခြံပေါက်နားကနေ...

လှိုင်းကလေးကိုပွေ့ချီမယ်Unde poveștirile trăiesc. Descoperă acum