Episode 20(ကိုယ့်ကိုချီချီပိုင်တယ်)

252 14 3
                                    

*နမ်းချင်တယ်...........................*

ဇီလှိုင်းသစ် တံတွေးများကြိမ်ဖန်များစွာမျိုချနေရသည်။ ရင်ခုန်သံများလည်းဗြောင်းဆန်နေသည်။

*ဒီနှုတ်ခမ်းလေးက ငါ့အပိုင်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲ.........
ငါ့အပိုင်သာဆိုရင်.......*

ဇီလှိုင်း သူ၏မျက်လုံးများကိုမှိတ်လိုက်ပြီး

"ဟူး..........."

*စိတ်လျှော့ ....... ဇီလှိုင်းသစ်စိတ်လျှော့........ဟူး.......*

သက်ပျင်းအရှည်ကြီးချကာ သူ၏ ရမ္မက်စိတ်တို့ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရ၏။

ဇီလှိုင်း၏ ဝင်သက်ထွက်သက်လေငွေ့တို့က ရှိုင်းစက်ချီ၏မျက်နှာထက်တွင်ကလူကျီစယ်နေ၏။

ဒီဖက်လူက ခက်ခက်ခဲခဲထိန်းချုပ်ထားရသလို တစ်ဖက်လူကလည်း အခြေအနေမဟန် မျက်နှာကြီးနီရဲကာ အသက်ရှုရပ်တော့မည့်အလား။

ရှိုင်းစက်ချီတစ်ယောက် သူ၏မျက်နှာပေါ်သို့ကျရောက်နေသော လေတို့ကြောင့် အရေပြားတို့မှာယားယံလာသည်။
သူ၏အရေပြားတင်ပဲလား မစီမဆိုင် သူ၏နှလုံးသားမှာလည်း ပုရွက်ဆိတ်တတ်သလိုယားယံကာ တင်းကျပ်နေသည်။

*လှိုင်းလေး ဘာတွေဖြစ်နေတာလဲ

ငါကကောဘာတွေဖြစ်နေတာလဲ

ဒီကောင်ငါ့ကို ဘာတွေလာလုပ်နေတာလဲ

မဟုတ်ဘူးဘာတွေလုပ်မလို့လဲ

!!!!ဟေ့ ဟေ့ ဟေ့

!!!!အရမ်းကပ်နေပြီနော်

ဘာလုပ်မလို့လဲ

မလုပ်နဲ့နော်

မလုပ်!!!!!!!!!!!*

ဇီလှိုင်းသစ်၏ နှုတ်ခမ်းပါးတို့က ရှိုင်းစက်ချီ နားရွက်ထိပ်ကလေးကိုထိကပ်လျက်

"ချီချီ.....ကိုဘာလုပ်ရမလဲ .....ကိုယ့်ကိုဘာလုပ်စေချင်လဲ .....ဟင်....."

ရှိုင်းစက်ချီ၏ နားထဲသို့လေမှုတ်လိုက်သလိုပင် ။

ရှိုင်းစက်ချီခြေထောက်ပင်မခိုင်ချင်တော့ သူ့မှာကတုန်ကယင်နှင့်

"မင်း...မင်း...မင်း...ဘာ...ဘာ...တွေပြော...ပြောနေတာလဲ

ငါ...ငါ..ငါက...ဘာလုပ်...ဘာလုပ်ခိုင်းရမှာလဲ"
စကားတွေလဲ အထစ်ထစ်‌အငေါ့ငေါ့‌တို့ဖြစ်ကုန်ကြသည်။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now