Episode 5 (ငါ မင်းကိုပြန်နမ်းမယ်)

231 21 0
                                    

ရှိုင်းစက်ချီတစ်ယောက် ဇီလှိုင်းသစ် ၏ဖက်ခြင်းခံထားရသည်။ ထိုနှင့်အတူ သူတို့နှစ်ဦး၏မျက်နှာတို့မှာလည်းအလွန်ပင်နီးကပ်နေကြသည်။ နီးကပ်နေသည်ကိုမဟုတ် ထိစပ်နေကြသည်ဟုဆိုရမည်။အဘယ်ကြောင့်ဆိုသော် ဇီလှိုင်း၏နှုတ်ခမ်းပါးတို့မှာ ချီချီ ၏......ပါးဖောင်းဖောင်းပေါ်သို့ရောက်ရှိနေ သောကြောင့်ဖြစ်သည်။

" ချီချီ .....ငါ...ငါ.....တမင်လုပ်တာမဟုတ်ပါဘူး...တောင်းပန်ပါတယ်...မိုးရေတွေလဲစိုကုန်ပြီ"

ဇီလှိုင်း လျှင်မြန်စွာခွာလိုက်ရင်း ထီးအမြန်‌ ကောက်၍အထစ်ထစ်ငေါ့ငေါ့ဖြင့် တောင်းပန်စကားဆို၏။

ထိုသို့ပြာပြာသလဲ‌ ပြောလာသောဇီလှိုင်းသစ်၏ သူစိမ်းဆန်‌သော တောင်းပန်စကားကြောင့် ရှိုင်းစက်ချီ မျက်မှောင်ကျုံ့လိုက်မိသည်။

"ဘာတွေဒီလောက်လန့်နေတာလဲ...အချင်းချင်း‌တွေပဲ...ဘာမှမဖြစ်ဘူး...
ပြီးတော့ မင်းအမှားလဲမဟုတ်ပဲနဲ့ကို... ဘာလို့ အမြဲ တောင်းပန်နေရတာလဲ...
မတော်တဆပဲဟာကို...ငါတို့မနမ်းဖူးတာလဲ မဟုတ်ပဲနဲ့...
ငယ်ငယ်တုန်းကဆို ချီချီ ...ချီချီ နဲ့လိုက်နမ်းနေပြီးတော့"

ဇီလှိုင်းသစ်မှာ ရှက်၍လား ကြောက်၍လားမသိ မျက်နှာကြီးအောက်ငုံ့‌ကာအသံ တိုးတိုးလေးဖြင့်စကားပြန်ပြောသည်။

" အဲ့ဒါက ငယ်ငယ်တုန်းကကို"

"ခုကကော ဘာထူးလို့တုန်း...
ငယ်ငယ်က ခင်သလိုမျိုး ခုလည်း ခင်နေတာပဲဟာကို....သူငယ်ချင်းတွေပဲဘာဖြစ်လဲ...
ဘာလဲမင်းက ငါနဲ့ 6နှစ်ကလေးဝေးသွားတာနဲ့ပဲ သူစိမ်းဆန်သွားပြီပေါ့လေ...အရင်လိုမခင်တော့လိုလား"

"မဟုတ်ဘူး ချီချီ...ငါ မင်းကိုအရင်လိုခင်ပါတယ်...ပိုပြီးခင်လာတာပဲရှိမယ် လျော့သွားတယ်လို့မရှိဘူး...
အဲ့တုန်းက ကလေးတွေ ပဲရှိသေးတယ်လေ...
ခုက လူကြီးတွေဖြစ်နေပြီဆိုတော့ ချီချီ စိတ်အနှောက်အယှက်ဖြစ်သွားမှာဆိုးလို့ပါ"

"ဘာမှ မဖြစ်ဘူး ယောက်ျားလေးအချင်းချင်း နမ်းတာ ဘာဆန်းတာကျလို့...
နေမင်းဆို ကင်းပုကို တစ်ချိန်လုံးလစ်ရင်လစ်သလိုနမ်းနေတာ... ဘာမှမဖြစ်ဘူး...မရှက်နဲ့..."

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now