Episode 9 (ကျားပါးစပ် သွားနမ်းမိတာ)

125 15 0
                                    

"ဒေါက်ဒေါက်....ဒေါက်ဒေါက်.... ရှိုင်းစက် တံခါးဖွင့်ဦး .....ဒေါက်ဒေါက်..."

နွေဦး တံခါးအကြာကြီးခေါက် နေရသည် တော်တော်နဲ့ဖွင့်မလာ။

"ကျွီ..."

ရှိုင်းစက်ချီ တံခါးဖွင့်လာပြီး အပေါက်ဝ၌ပင်နေ၍မေးငေါ့ပြသည်။

"မင်းများသေနေပြီလားလို့  199ကိုခေါ်တော့မလို့"

"မရှည်နဲ့ လိုရင်းပြော"

"အဆောင်မှူး ECတွေအစည်း‌ ဝေးခေါ်နေတယ်"

"အေး လိုက်ခဲ့မယ် သွားနှင့်"

ရှိုင်းစက်ချီ အခန်းထဲပြန်ဝင်ပြီး စာပွဲခုံပေါ်က note book နဲ့ ဘောပင် ယူကာအခန်းထဲမှပြန်ထွက်ရန်ပြင်လိုက်သည်။

အခန်းတံခါးဖွင့်နေစဉ်

"ချီချီ ....ငါ..."

"နောက်မှ ပြောမယ်"

အနောက်လှည့်မကြည့်ပဲပြောပြီး ထွက်သွားလေသည်။

ရှိုင်းစက်ချီ ထွက်သွားတော့မှ သက်ပြင်းချကာ ကုတင်ပေါ်သို့ အရုပ်ကြိုးပျက် ထိုင်ချလိုက်သည်။

" ဇီလှိုင်းသစ် မင်းဘာတွေသွားလုပ်လိုက်တာလဲကွာ

မင်း ဘာတွေဖြစ်နေတာလဲ ဘာဖြစ်လို့အဲ့လိုကြီးသွားလုပ်လိုက်ရတာလဲ

ချီချီ ငါ့ကိုအထင်လွဲပြီးရွံသွားရင်ဘယ်လိုလုပ်မလဲ"

လက်နှစ်ဖက်ဖြင့် ကိုယ်ဆံပင် ကိုယ်ဆောင့်ဆွဲရင်း ကိုယ့်ကိုယ်ကိုပြောနေရသည် စိတ်မမှန်တဲ့လုပ်ရပ်မျိုးကိုလုပ်မိသည်ကိုး။

____________________________________

အစည်းဝေး၌

"ရှိုင်းစက်.....ရှိုင်းစက်....ဟဲ့ယောင် ရှိုင်းစက်"

နွေဦး စိတ်မရှည်သည့်အဆုံး နားရင်းထအုပ်ပစ်သည်။

ဒီကောင်တစ်ညနေလုံးဘာဖြစ်နေသည်မသိ စိတ်နဲ့ကိုယ်နဲ့ကမကပ်။

ရှိုင်းစက်ချီ နွေဦး ကိုဂျိုကြည့်ကြည့်လိုက်သည်။

"မင်းကို ဆရာခေါ်နေတာကြာလှပြီ ဘာဖြစ်နေတာလဲ လွင့်သွားတယ်စိတ်တွေပြန်ခေါ်ထားစမ်း"
"မောင်ရှိုင်း အစည်းဝေးကိုသေချာ အာရုံစိုက်"

လှိုင်းကလေးကိုပွေ့ချီမယ်Onde histórias criam vida. Descubra agora