Episode 18(မင်း ငါ့အသား မထိနဲ့)

117 11 0
                                    

"အဲ့ဒါဘာလုပ်‌ နေကြတာလဲ!!!!!"

ရှိုင်းစက်ချီ အိမ်ပြန်ရောက်ရောက်ချင်းမြင်လိုက်ရတဲ့မြင်ကွင်ကား...

နီးကပ်နေကြသည့် မျက်နှာနှစ်ခု။
ဇီလှိုင်းမျက်နှာမှာနီရဲနေပြီး အမှောင်နေမင်းကတော့ ပြည်တီတီမျက်နှာကြီးဖြင့်...
ဇီလှိုင်း၏ လက်တစ်ဖက်က နေမင်း၏ ရင်ဘက်က အင်္ကျီစကိုကိုင်ထားပြီး ခြေထောက်တစ်ဖက်က နေမင်းပေါင်ပေါ်ရောက်နေသည်။ ထိုအလွန်နီးကပ်နေကြသည့်မြင်ကွင်းကြောင့် ရှိုင်းစက်ချီ ပြန်ရောက်ရောက်ချင်းသွေးတတ်အောင်ပင်လန့်သွားပြီး ဒေါသများထွက်လာရသည်။

သူအော်လိုက်တော့ နှစ်ယောက်လုံးလှည့်ကြည့်လာကြသည်။ ထိုအနေအထားကနေတော့မခွာကြသေး။ ပြန်လှည့်သွားပြီး ထိုအတိုင်းစကားဆက်ပြောနေကြသည်။ ဘာပြောနေသလဲမကြားရ သူတို့က တိုးတိုးလေးပြောနေကြသည်။

အိမ်ပေါက်ဝတွင်ရပ်နေသောရှိုင်းစက်ချီက ခြေလှမ်းကျဲကြီးတွေနဲ့ ရောက်လာပြီး နေမင်းကို အင်္ကျီဂုတ်ကနေမကာ ဒေါသ သကြီးဆွဲဖယ်ပစ်လိုက်သည်။

ထိုသို့ပြုမူခံရသည့်နေမင်းက စိတ်မဆိုးတဲ့အပြင် တဟားဟားဖြင့်ထာရီတော့သည်။ရှိုင်းစက်ချီနားမလည်သည့်စကားများကိုလည်းပြောသေးသည်။

"ဟားဟားဟားဟားဟား

ဇီလှိုင်းသစ် မင်းပြောတော့မဟုတ်ဘူးဆို

ခုများရန်လိုနေလိုက်တာ

ခွေးအိုကြီးကျနေ‌တာပဲ မင်းကောင် က

ဟားဟားဟားဟား"

ဇီလှိုင်း မျက်နှာမှာနားထင်ထိသွေးကြောများထင်းနေကာနီရဲနေသည်။ထို့နောက် သူတို့နှစ်ယေက်သာကြားနိုင်မည့်အသံဖြင့် အံကြိတ်ပြီးပြောသည်။

" အဓိပ္ပာယ်မရှိတာတွေ ထပ်မပြောနဲ့"

"ဟားဟားဟား အဓိပ္ပာယ်ရှိလားမရှိလား နောက်ကျသိရမှာပဲလေ။

ဒါမဲ့ သိပ်နောက်မကျသွားဖို့တော့မျှော်လင့်တယ်။

ကဲကဲမပြောတော့ဘူး။

တော်ကြာခွေးအိုကြီး ထကိုက်နေမှာ ကြောက်ရသေးတယ်"

ရှိုင်းစက်ချီမှာ အူလည်လည်နှင့် သူတို့ပြောတာဘာမှ နားမလည် ‌။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now