Episode 13 (ပန်းကလေးလို လှတဲ့ချစ်သူ)

123 13 2
                                    

AT the Dinner,

*ဒီနေ့ညချီချီက အနက်‌ရောင်အနောက်တိုင်းဝတ်စုံလေးနဲ့အရမ်းချောနေတယ်။*

Black Shirt လက်ရှည်ကို တံတောင်ထိခေါက်တင်ထားပြီး ငွေရောင်နာရီကြီး တလက်လက်ကို ဂေါ်နေအောင်ဝတ်ထားသည်။
ရင်ဘက်ကအ‌ပေါ်ကြယ်သီး 3လုံးကိုမတပ်ပဲဖြုတ်ထားသေးသည်။
အပေါ်ကုတ်ကိုလည်း လက်ကကိုင်ပြီး style ထုတ်ထားသည်။

*အဲမယ့်...ဂိုက်ပေးကြမ်းတဲ့ကိုကိုကြီးပေါ့
ဒါပေမယ့် ကျွန်တော့မျက်လုံးထဲတော့ အရမ်းလှချင်လွန်းလို show ထုတ်ထားတဲ့ ကလေးကြီးနဲ့တူနေတယ်။*

*နာရီဝက်လေးကြီးပြီး ကိုကြီးကလုပ်ချင်သေးတယ်။
ကျွန်တော့်ကို သူ့သူငယ်ချင်းမလေးစီက ကာကွယ်နေတဲ့ ချီချီပုံစံက အရမ်းချစ်စရာကောင်းတယ်*

ရှိုင်းစက်ချီ နှင့် ဇီလှိုင်းသစ် တို့အကြည့်ချင်းဆုံနေသည်မှာအတော်ကြာပြီဖြစ်သည်။
ကိုယ်စီအတွေး တွေနှင့် မည်သူကမှလည်း မျက်နှာမလွဲမိကြပေ ။

"ရှိုင်းစက် ဒီအဖွဲ့ပြီးရင် မင်း သီချင်းဆိုရမယ့် အလှည့် အရန်သင့်လုပ်ထားတော့ "

နွေဦးက လာပြောမှ သူတို့‌နှစ်ယောက်မျက်နှာလွဲရန်သတိရကြသည်။

"အေးအေး လိုက်ခဲ့မယ်"

"ဇီလှိုင်း ငါသီချင်းဆိုတာ vedio ရိုက်ပေးထားဦးနော်

ပြီးတော့ ဒီက ကိုကြီး သီချင်းဆိုတာနားထောင်ပြီး မကြွေသွားနဲ့နော် ညီလေး"

ဇီလှိုင်းက ပြုံး၍

"ဟုတ်ပါပြီ ကိုကြီးရယ် ငယ်တုန်းကလို အသံဆိုးကြီးနဲ့တော့  မနိပ်စက်နဲ့နော်"

"ညီလေးက ကိုကြီး သီချင်းဆိုတာမကြားဘူးသေးလို့ပါ...
မိန်းကလေး တော်တော်များများက ကိုကြီး သီချင်းဆိုရင် မခံနိုင်ကြဘူးတဲ့...
သူတို့အသဲတွေတဖြုတ်ဖြုတ်ကြွေကုန်တယ်ဆိုပါလား....
အဲလဲ့ မိုက်တယ်မဟုတ်လား..."

"ဟားဟား ...ဟုတ်ပါပြီ ကိုကြီးရယ်"

ဇီလှိုင်း သွားတတ်လေးတွေ ပေါ်သည်အထိအလွန်သဘောကျစွာ ရီနေမိသည်။

ရှိုင်းစက်ချီတစ်ယောက် ဇီလှိုင်းသစ်၏ ထိုသို့ ရယ်သံလေးနှင့်ပေါ်လာတဲ့သွားတတ်လေးတွေကြောင့် မတ်တပ်ကြီးမေ့သွားရပြန်သည်။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now