Episode 26 (အခွင့်အရေးမှာ ဒုတိယအကြိမ်ဆိုတာမရှိ)

82 4 0
                                    

"ဟူး..အိပ်လို့လဲမရဘူး.."

မနက် ၁နာရီခွဲလောက်ရှိပြီဖြစ်သော်လည်းရှိုင်းစက်ချီတစ်‌ယောက်ဟိုလိမ့်ဒီလိမ့်ဖြင့်တစ်ရေးမှအိပ်မရသေး။သူ့ကိုဒီလိုဖြစ်အောင်လုပ်သွားတဲ့ ဟိုဘက်ကုတင်ကအဓိကတရားခံကတော့ အေးချမ်းစွာအိပ်ပျော်နေလေရဲ့။ ရှိင်းစက်ချီ မကျေမနပ်ဖြစ်ကာ နှောက်ယှက်လို၍ တစ်ဖက်ကုတင်ဘက်ကိုသွားလိုက်ပြီး ခြင်ထောင်အတွင်းသို့ဝင်လိုက်သည်။ အိပ်ပျော်နေသူ၏ မျက်နှာလေးကိုကြည့်ပြီး သူလာခဲ့သည့်ရည်ရွယ်ချက်ကိုပင်မေ့သွားခဲ့သည်။ ရှိုင်းစက်ချီတစ်ယောက် ဇီလှိုင်းသစ်၏မျက်နှာလေးကိုအသေးစိတ်လိုက်ကြည့်နေမိသည်။

"မင်းမျက်တောင်မွှေးတွေကနဂိုတည်းက အဲ့လောက်တောင်ရှည်တာလား"

"မျက်ခုံးမွှေးတွေကကောဘာလို့ အဲ့လောက်ထူနေရတာလဲ.အမွှေးထူမျောက်ကြီးနဲ့တူတယ်....ဟီဟီ"

"နှာခေါင်းကလည်းချွန်လိုက်တာ...ထိုးသတ်လို့တောင်ရနေပြီ.နေမင်းနဲ့ရန်ဖြစ်တဲ့အခါကျရင်မင်းနှာခေါင်းခဏငှားမယ်နော်......ဟီးဟီး.."

"ဒီနှုတ်ခမ်းမဟုတ်လား.ငါ့ကိုအိပ်လို့မရအောင်လုပ်တဲ့အဓိကတရားခံ.ဟွန့်.နမ်းတာဘာလို့ဒီလောက်ကျွမ်းနေရတာလဲ"

"လွိုင်ကော်မှာတုန်းက ဘယ်လောက်တောင်ကမြင်းခဲ့လည်းမသိဘူး.ဒီလောက်တတ်နေတာ."

"မေးရိုးကြီးကလည်းထင်းနေတာပါ့."

"မဟုတ်မှလွဲရော မင်းခွဲစိတ်ထားတာတော့မဟုတ်ပါဘူးနော်...ဟားဟား.ဖြစ်နိုင်တယ်....မဟုတ်ရင်.....ဘာလို့ဒီလောက်.....လှနေမှာလဲ.ယောကျ်ားလေးတစ်ယောက်ကလေ"

မျက်နှာအစိတ်အပိုင်းတစ်ခုခြင်းစီကိုထိ၍ တခစ်ခစ်ရယ်၍တီးတိုးစွာမေးနေသည့် ရှိုင်းစက်ချီ၏ မေးခွန်းများစွာတို့မှာ အဖြေမဲ့လျက်။ သက်ဆိုင်သူမှာအိပ်၍ကောင်းတုန်းပင်။ အိမ်မက်ကောင်းများမက်နေသည်ထင်၏ အိပ်နေသူမှာ ပြုံးပြုံးကြီးပင် ဖြစ်၏။ ရှိုင်းစက်ချီမှာ နှာခေါင်းရှုံ့၍

"ဟွန့်.အမြင်ကပ်စရာကောင်းတာ"

ထို့နောက် အိပ်နေသူကိုထိုင်ကြည့်ရင်း နေ့လယ်ကအဖြစ်အပျက်တို့ကိုစဉ်းစားမိတော့သည်။

လှိုင်းကလေးကိုပွေ့ချီမယ်Onde histórias criam vida. Descubra agora