Part-2

927 111 9
                                    

Unicode

တကယ်တော့ ကျန်းကျယ်ဟန့်က နာ
မည်ရခါစ ဒီဇိုင်နာတစ်ယောက်။ မိတ်
ဆွေနှစ်ယောက်နဲ့ အတူစခဲ့တဲ့ သူ့ရဲ့အလုပ်ခန်းလေးကလဲ ဖွင့်တာ နှစ်လ
တောင်မပြည့်သေး။ နောက်တစ်နေ့ beijingကိုပြန်တဲ့အခါ အလုပ်ခန်းမှာသူ့ကိုစောင့်နေမည့် အလုပ်တွေကတစ်ပုံကြီး။ ဒါပေမဲ့အခုအခြေအနေကိုကြည့်...သူက အခုသူများသူစိမ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးထဲကို ရောက်နေရသည်မဟုတ်ပါလား။ beijingပြန်ရောက်တဲ့အခါ ဒီခန္ဓာကိုယ်ကြီးနဲ့ ဘယ်
လိုများနှစ်ပါးသွားရပါမည်နည်း။

တစ်ဖက်က ကုန်းကျွင့်ကလဲထိုနည်းတူ
ပင်။ သူက ရှေ့လထဲမှာ ဟင်းချက်ပြိုင်
ပွဲတစ်ခုဝင်ပြိုင်ဖို့ရှိနေပါသည့် စားဖိုမှူး
ပေါက်စလေးတစ်ယောက်။ ပထမအဆင့်အောင်မြင်ပြီးသားပြိုင်ပွဲဝင်မို့ ရှေ့လမှာပြုလုပ်မယ့် ဖိုင်နယ်ပွဲစဥ်မှာ ဆုတံ
ဆိပ်အတွက် တခြားလက်ရွေးစင်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်ရပေလိမ့်မည်။ သို့ပေမဲ့ ယခုမှာတော့ သူသည်လည်း သူနဲ့အရင်က မြင်တောင်မမြင်ဖူးပါသည့် သူစိမ်းတစ်ယောက်ရဲ့ခန္ဓာကိုယ်ကြီးထဲ ရောက်နေရသည်မဟုတ်ပါလား။

302 (စန်းလင်အာ့)ကတော့ ရှင်းပြရှာပါ
သည်။

"ယာဥ်ပျံကိုပြန်ပြုပြင်ပြီးလို့ ကျွန်တော့်
ဂြိုလ်ကိုပြန်တဲ့အခါ ယာဥ်ပျံဆီကနေ အဲဒီ့လှိုင်း ထပ်ပြီးထွက်လာပါလိမ့်မယ်..အဲ့အချိန်ကျရင်တော့ လူကြီးမင်းတို့လဲ သာမန်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်"     ဟူ၍..။

ဆိုလိုသည့်သဘောက သူ့ရဲ့ယာဥ်ပျံပါ
ဆိုသည့် ဟောဟိုက ခပ်လုံးလုံးအရာကြီးကို ပြန်ပြုပြင်ပြီးသည်အထိ ယခုခန္ဓာကိုယ်တွေအတိုင်းပဲနေရင်း မီးစင်ကြည့်က ရမည့်သဘော။ အဲဒီ့အပြင် သူ့ကိုရော အဲဒီ့အလုံးကြီးကိုပါ အနားမှာခေါ်ထားရဦးမည့်အနေအထားပင်။ ရွေးချယ်စရာမရှိတော့တဲ့အဆုံး နှစ်ယောက်သားက သဘောတူညီမှုတစ်ခုလုပ်ပြီး အသီးသီးအိမ်ပြန်လိုက်ရတော့
သည်။

ခန္ဓာကိုယ်တလွဲတွေဖြစ်နေကြတာမို့...
ပထမဆုံး ကျန်းကျယ်ဟန့်ခန္ဓာကိုယ်ထဲ
ရောက်နေခဲ့တဲ့ကုန်းကျွင့်က သူ့အိမ်ကို
အရင်လိုက်ပြရသည်၊ နောက်ပြီးမှ ကုန်း
ကျွင့်ခန္ဓာကိုယ်ထဲရောက်နေတဲ့ ကျန်း
ကျယ်ဟန့်ကလဲ သူ့အိမ်ကိုတစ်လှည့်ပြန်ပြရပါ၏။ အားလုံးပြီးတော့မှ နှစ်ယောက်သားက စိမ်းသက်နေတဲ့ခန္ဓာ
ကိုယ်တွေနဲ့အတူ မရင်းနှီးတဲ့အိမ်တွေဆီပြန်ခဲ့ရတော့သည်။

302 (Completed)Where stories live. Discover now