Part-8

329 78 15
                                    

Unicode

တံခါးဖွင့်ကာ အိမ်ထဲကို​ခြေချလျှင်ချချင်း မျက်လုံးက ဧည့်ခန်းဆီတန်းပြီး
ရောက်သွားမိသည်။ discovery channelတစ်ခုက ​ပြသနေတဲ့ သားပိုက်ကောင်တွေရဲ့ပုံရိပ်က TVဖန်သားပြင်ပေါ်မှာပြေးလွှားလို့နေ၏။ ကုန်းကျွင့်ကတော့ အေပရွန်ဝတ်ရက်သားနဲ့ပဲ ဆိုဖာပေါ်မှာ အလဲလဲအပြိုပြိုဖြစ်လို့နေသည်။

ကျန်းကျယ်ဟန့်က ပခုံးပေါ်ကဘေးလွယ်အိတ်ကို စိတ်မပါလက်မပါဖြင့်
ဆွဲချွတ်လိုက်ပြီး ကုန်းကျွင့်ရဲ့ ဘေးဘက်က ဆိုဖာခုံဆီဝင်ထိုင်လိုက်၏။ မျက်လုံးကို ဟိုဟိုဒီဒီကစားကာ စန်းလင်အာ့ကို ရှာကြည့်တော့ ဒင်းလေးက သူ့ယာဥ်ပျံေဘးနားမှာ ကွတ်ကီးဘူးကို ပိုက်ရက်သားနဲ့ ငုတ်တုတ်ကလေး...။

ခါးကို ဆိုဖာနောက်မှီပေါ် လျော့တိလျော့ရဲ မှီတွယ်ထားရင်း ခြေတံရှည်တွေကို ဖြဲကားကာ ခြေပစ်လက်ပစ်နေနေတဲ့ ကုန်းကျွင့်က ခေါင်းကိုပါ အနောက်လှန်ထားပြီး မျက်လုံးတွေကိုလဲ မှိတ်ချထားသေး၏။

"အဟမ်း"

ကျန်းကျယ်ဟန့်က ချောင်းတစ်ချက်
ဟန့်ကာ အသံပေးလိုက်တော့မှ ကုန်း
ကျွင့်က ခေါင်းထောင်လာတော့သည်။

"ဟင်...ခင်ဗျားတောင်ပြန်လာပြီပဲ
ဘယ်လိုလဲ အားလုံးအဆင်ပြေသွားတယ်မဟုတ်လား"

"အင်း...မဆိုးပါဘူး"

ကုန်းကျွင့်က ကိုယ်ဟန်ကိုမတ်လိုက်ကာ အကျအန ပြင်ထိုင်လိုက်ပြီး.....

"မဆိုးပါဘူးဆိုတာဘာသဘောလဲ...သေချာပြောလေဗျာ အားလုံးအဆင်ပြေတယ်မဟုတ်လားလို့"

"အင်းကွာ...မင်းအကြံက အလုပ်ဖြစ်တယ် အားလုံးအဆင်ပြေသွားတယ်"

"အဟား ကျွန်တော်ပြောသားပဲ"

ကုန်းကျွင့်က ရယ်မောကာစကားဆိုနေရင်းကမှ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် မျက်နှာကပြန်လည်သုန်မှုန်သွားတော့သည်။ သူကဆိုပါ၏။

"ခင်ဗျားကတော့ အဆင်ပြေသွားပေမဲ့
ကျွန်တော်ကတော့ ကိစ္စချောပြီထင်ပါရဲ့ဗျာ"

"ဘာရယ်?"

remoteကောက်ကိုင်ပြီး channelပြောင်းဖို့လုပ်နေတဲ့ ကျန်းကျယ်ဟန့်ရဲ့လက်တွေက ခလုတ်ငယ်တွေပေါ်မရောက်ခင်မှာပဲ ရပ်တန့်သွားရသည်။ သူအိမ်ပြန်ရောက်ထဲက ကုန်းကျွင့်က ခါတိုင်းနဲ့မတူဘဲ လဒမှိုင် မှိုင်နေခဲ့သည်မဟုတ်ပါလား။ တစ်ခုခုတော့ ရှိနေပေပြီ။ မဟုတ်မှလွဲရော...ဟိုတစ်နေ့က အဒေါ်ကြီးက အိမ်ကိုထပ်လာ​ပြီး ပြဿနာတစ်ခုခုမ​ျား ရှာသွားလေသလား။

302 (Completed)Where stories live. Discover now