Part-16

321 69 12
                                    

Unicode

မနက်ရောက်ပြန်တော့ ကျန်းကျယ်ဟန့်ဆူသမျှ အူလည်လည်နဲ့နားထောင်နေရရှာတဲ့စန်းလင်အာ့ကို ကုန်းကျွင့်က သူတော်ကောင်းကြီးဝင်လုပ်ပြီး ကယ်ဆယ်ခဲ့ရသည်။

ကွတ်ကီးကလွဲရင် တခြားဘာမှမသိတဲ့ ဂြိုလ်သားလေးဟာ သူ့ကိုအဆူခံရအောင်ချွန်ခဲ့တဲ့လူမှန်း တစ်စက်ကလေးတောင်မရိပ်မိရှာဘဲ ကုန်းကျွင့်ကို ကယ်တင်ရှင်ကြီးအဖြစ် ထင်မှတ်သွားပြီး ကျေးဇူးတွေတင်နေတော့တာပေါ့ကွယ်။

ကုန်းကျွင့်က ပြင်စရာရှိတာတွေကို အကျအနပြင်ဆင်ပြီးတဲ့နောက် စန်းလင်အာ့နဲ့အတူ ဘော်ဒါသုံးယောက်ရဲ့လာအခေါ်ကို စောင့်နေလိုက်သည်။ ကျန်းကျယ်ဟန့် အလုပ်ခန်းဆီ သွားရမည့်အချိန်ထက် ပြိုင်ပွဲချိန်က ပိုစောနေသည်မို့ တိုက်ခန်းလေးကနေ အရင်ဆုံးထွက်ရမည့်လူက သူနဲ့စန်းလင်အာ့နှစ်ဦးသာ။

"အကောင်းဆုံးကြိုးစားလာခဲ့...
အနိုင်အရှုံးက အဓိကမဟုတ်ဘူး...ကိုယ့်မှာရှိတဲ့အစွမ်းအစတွေနဲ့ အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားပြီးချက်ပြခဲ့   ဟုတ်ပြီလား"

ပခုံးကိုပုတ်ရင်း အားပေးစကားဆိုလာတဲ့ ကျန်းကျယ်ဟန့်ကို ကုန်းကျွင့်က ပြုံးပြီးကြည့်သည်။ ကျန်းကျယ်ဟန့်က မိတ်ဆွေလေးရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားနေတဲ့အပြုံးရိပ်ကို တွေ့လိုက်ရတော့......

"ငါလိုက်ပြီး အားမပေးနိုင်တာ သိပ်အားနာတယ်ကွာ...ဒါပေမဲ့ မင်းအကောင်းဆုံးလုပ်နိုင်မယ်လို့ ငါယုံကြည်ထားတယ် မင်းက တော်ပြီးသားလေ...စိတ်တွေအရမ်းကြီး လှုပ်ရှားမနေပါနဲ့"

ကုန်းကျွင့်က မျက်လုံးလေးတွေကို ကွေးညွတ်လို့ ချစ်စဖွယ်အပြုံးလေးနဲ့တုံ့ပြန်၏။ သူက ကျန်းကျယ်ဟန့်ကို အားရပါးရ ဖက်ချလိုက်ပြီး......

"တကယ်အားတွေရှိသွားပြီဗျာ...
ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေတာကို ဟန့်ဟန့်လေးက ခံစားမိနေတာပဲ ကျွန်တော်တို့ စိတ်ချင်းဆက်နေတာမ​ျားလားနော်"

ခန္ဓာကိုယ်ချင်း ထပ်သွားတော့မတတ် ပူးကပ်လွန်းနေသည့်အနေအထားကြားမှာ ကျန်းကျယ်ဟန့်က အသက်ကို မနည်းရှူသွင်းလိုက်ပြီး စကားဆို၏။

302 (Completed)Where stories live. Discover now