Part-13

313 75 12
                                    

Unicode

သုံးရက်ကြာပြီးနောက်.......

ကျန်းကျယ်ဟန့်က အလုပ်ခန်းဆီ သွားရသည်မို့ အိမ်မှာရှိနေတာက ကုန်းကျွင့်နဲ့စန်းလင်အာ့တို့သာ။ ရေခဲသေတ္တာရဲ့အခြေအနေကို ကြည့်ပြီးနောက်မှာ ကုန်းကျွင့်က စျေးဝယ်ထွက်ပါရန် ပြင်လိုက်​ေတာ့သည်။ စန်းလင်အာ့ကိုလဲ အိမ်မှာတစ်ယောက်တည်းထားခဲ့တာထက်စာလျှင် အပြင်လောကကို လေ့လာစေသည့်သဘောဖြင့် အတူခေါ်သွားရန် ဆုံးဖြတ်မိ၏။

"hello ယန်ဟောက်...မင်းတို့ဒီနေ့အားလား"

ဘော်ဒါတွေကိုပါ အောင်အောင်မြင်မြင်ချိန်းဆိုပြီးတဲ့နောက် ကုန်းကျွင့်ဟာ စန်းလင်အာ့ကိုခေါ်ပြီး စျေးဝယ်ထွက်ခဲ့လိုက်တော့သည်။ ပစ္စည်းအဆန်းအပြားတွေအစုံအလင်ရှိနေတဲ့ ကုန်တိုက်ဟာ စန်းလင်အာ့အတွက်တော့ ကမ္ဘာသစ်ကြီးတစ်ခုလို။ သူက ဟိုဟိုဒီဒီမျက်လုံးကစားရင်းဖြင့် ကမ္ဘာသစ်ကို စူးစမ်းလို့နေ၏။

"ဒါစားကြည့်မလား"

"ဘာကြီးလဲ လူကြီးမင်း"

ကုန်းကျွင့်က လက်ထဲက ရေခဲမုန့်ဘူးကို စျေးဝယ်တွန်းလှည်းထဲ ထည့်လိုက်ပြီး.....

"ရေခဲမုန့်တဲ့...ကွတ်ကီးတွေချည်း လှိမ့်စားနေမယ့်အစား ဒီဟာကို စမ်းစားကြည့်ပေါ့"

"ဟုတ်ကဲ့"

"လာ ဟိုဘက်ခြမ်းမှာ ကွတ်ကီးတွေရှိတယ် သွားကြည့်ရအောင်"

ကွတ်ကီးဆိုတဲ့အသံကိုကြားတော့ စန်းလင်အာ့ရဲ့ ဂြိုလ်သားမျက်နှာဟာ ဝင်းခနဲ လက်ခနဲ။ ကုန်းကျွင့်က ပြုံးရင်းဖြင့် စကားဆို၏။

"ငါသိချင်တာကို ဖြေပေးမယ်ဆိုရင်
မင်းကို ကြိုက်တာရွေးခွင့်ပေးမယ်"

"ကျွန်တော် ကွတ်ကီးတွေအများကြီး လိုချင်တာ...လူကြီးမင်း ဘာမေးမေး ကျွန်တော်အကုန်ဖြေမယ် ကျွန်တော့်ကို ကွတ်ကီးတွေသာ အများကြီးဝယ်ပေးနော်"

"အဟား ရတာပေါ့...ငါအရင်ဆုံးသိချင်တာက မင်းရဲ့ အဲဒီ့လက်က နေမကောင်းတာကို ကုပေးတာရယ် ၊ မှတ်ဉာဏ်တွေကို ဖျောက်ပစ်တာရယ်အပြင် ဘာထပ်လုပ်လို့ရသေးလဲ"

302 (Completed)Where stories live. Discover now