Part-23

284 67 1
                                    

Unicode

တီ! တီ!

စက်ဘီးနဲ့ ဆိုင်ကယ်သာ အများဆုံးပြေးလွှားနေတဲ့လမ်းမထက် မောင်းနှင်လာတဲ့ အနီရောင်ကားတစ်စီးက လမ်းလျှောက်နေတဲ့လူတချို့ရဲ့အာရုံကို ဖမ်းစားထား၏။

ဟွန်းသံနှစ်ချက်နှင့်အတူ မိမိဘေး ထိုးရပ်သွားတဲ့ ထိုကားအနီကြောင့် ကျယ်ဟန့်အံ့ဩသွားမိသည်။ ကားထဲ သေချာမျက်လုံးအကြည့်ပို့မိတော့ အထဲကမျက်နှာပိုင်ရှင်ရဲ့နာမည်ကို ခပ်တိုးတိုးရေရွတ်မိပြန်၏။

"ကုန်း ကျွင့်"

"ဟန့်ဟန့်က ဒီဘက်လမ်းကိုလာတယ်?
ဘယ်သူ့ဆီလာတာလဲ ကျွန်တော့်ဆီလား"

"ငါ"

"မဂ်လာပါ"

ကားထဲက ထွက်ပေါ်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကြောင့် ကျန်းကျယ်ဟန့်က ခါးကိုအနည်းငယ်ကိုင်းလိုက်ရင်း အထဲကို နောက်တစ်ကြိမ်အကြည့်ပို့မိလိုက်သည်။

သူတွေ့လိုက်ရသည်က ဆံပင်ဂုတ်ဝဲလေးနှင့် မိန်းကလေးတစ်ယောက်။ သူမရဲ့ မျက်နှာပေါ်က တောက်ပရွှန်းလဲ့တဲ့မျက်လုံးတစ်စုံဟာ တစ်ချိန်တည်းမှာပဲ နူးညံ့မှု နှင့် ရဲရင့်ပြတ်သားမှုတို့ကို တစ်ပြိုင်နက် ထင်ဟပ်နေစေ၏။
သူက ပထမဆုံးတွေ့ဖူးပါသည့်ထိုမိန်းကလေးထံ ပြန်လည်နှုတ်ခွန်းဆက်လိုက်သည်။

"မဂ်လာပါ"

ကုန်းကျွင့်ကတော့ ကျန်းကျယ်ဟန့်ရဲ့မျက်နှာပြင်ထက်မှာ သူ့ရဲ့အကြည့်တွေကိုကျောက်ချထားဆဲ။ သူ့အတွက်တော့ မျက်စိရှေ့က အဖြူရောင်တိမ်စိုင်လေးဟာ ဒီနေ့ကျမှ ပိုပြီးလှပလွန်းနေ၏။

ကုန်းကျွင့်က စကားဆိုသည်။

"အဖွားကစိုက်ပျိုးရေးခြံဘက် အတင်းသွားခိုင်းနေလို့ရယ် နို့မို့ဆို ကျွန်တော် ဟန့်ဟန့်ဆီ လာတော့မလို့...လောင်မားရော နေကောင်းသွားပြီလား"

"အင်း ဖျားတာတော့မဟုတ်ပါဘူး...ခါးပြန်နာနေလို့ ညနေလောက်ကျ ဆေးခန်းသွားပြမလို့"

"အာ...အဲ့လိုလား"

နှစ်ယောက်သားရဲ့စကားဝိုင်းကြား ဝင်လာသည်က ကုန်းကျွင့်ဘေးက ထိုမိန်းကလေး။ ကြည့်ရသည်မှာ သူမက ဒီ့ထပ်ပိုပြီး လစ်လျူရှုမခံချင်တော့ပုံပင်။ သူမက ဆို၏။

302 (Completed)Where stories live. Discover now