Unicode
"တစ်ခုခုပြန်ပြောဦးလေ...အဲ့လိုကြီး ပါးစပ်ပိတ်မနေနဲ့...ဒါတွေအားလုံးက မင်းပယောဂ မကင်းဘူးနော်...ငါ ကုန်းကျွင့်ကို သဘောကျလို့မဖြစ်ဘူး အဲဒါကိုရပ်တန့်အောင် မင်းပြန်ကူညီပေးရမယ်"
"ဟင်? ကျွန်တော်ဘာမှနားမလည်တော့ဘူး"
"ဘာကိုနားမလည်တာလဲ"
"လူကြီးမင်းတို့ မှားနေပြီ...ခန္ဓာလွဲခြင်းမှာ နောက်ဆက်တွဲထူးခြားမှု မရှိဘူး"
"ဘာ? ကုန်းကျွင့်ပြောတော့ အဲဒီ့ကိစ္စက မင်းပြောပြတာဆို?"
"မဟုတ်တာ...ကျွန်တော်က အခုမှ သိရတာ"
"ဟမ်? ဘာတွေလဲကွာ...ဒါဆို သူလိမ်ခဲ့တာလား"
ကျန်းကျယ်ဟန့်က ဇဝေဇဝါရေရွတ်တော့ ဂြိုလ်ကောင်လေးက ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။ သူ့ရဲ့မျက်နှာထားအရ မတိုင်မီကစကားဟာ မုသားမဟုတ်မှန်းသေချာပါ၏။
"ဒါ ဒါဆို ငါကရော? ငါသူ့ကိုသဘောကျမိသွားတာကရော? အာ...တကယ်ပဲ ဘာတွေလဲကွာ!"
.
.
.ကားအနီလေးတစ်စီးဟာ ဖွင့်ဟထားတဲ့ အမည်းရောင်ဆေးသုတ် သံပန်းတံခါးကျယ်ကိုဖြတ်လို့ လမ်းမထက်ဆီဦးတည်ကာ မောင်းထွက်သွား၏။
ထိုကားအနီလေးဆီ မျက်စိတစ်ဆုံးလှမ်းကြည့်နေမိတဲ့ ဟွမ်ကျွင့်က ခြံထဲပြန်ဝင်ဖို့ ခြေဦးပြင်နေတဲ့ကုန်းကျွင့်ဆီ ကိုယ်ကိုလှည့်ကာ စကားစတော့သည်။
"ဟေ့ကောင် နေဦး"
ကုန်းကျွင့်က သူငယ်ချင်းဖြစ်သူရဲ့စကားသံကြောင့် အနောက်ပြန်လှည့်ရင်းဖြင့် 'အင်း' ခနဲ လေသံပေးကာ မေးဆတ်ပြလိုက်ပြီး ဟွမ်ကျွင့်ကို စကားဆက်စေလိုက်သည်။
"မင်း ဟန့်ဟန့်နဲ့ လမ်းခွဲလိုက်ပြီလား"
အတည်ပေါက်မျက်နှာထားနဲ့အမေးဆိုလာတဲ့ သူငယ်ချင်းဖြစ်သူကို ကုန်းကျွင့်က မျက်မှောင်ကျုံ့ကာ ခြေဆုံးခေါင်းဆုံးကြည့်၏။
"ဘာတွေလာမေးနေတာလဲ...မင်းကိုဘယ်သူပြောလဲ"
မေးခွန်းနဲ့မသက်ဆိုင်တဲ့ မတိမကျအဖြေစကားကို ဟွမ်ကျွင့်က သဘောကျပုံမပေါ်။ သူက ကျစ်ခနဲစုတ်သတ်လိုက်ပြီး စကားဆက်ပြန်၏။
YOU ARE READING
302 (Completed)